အပိုင်း - ၁၁၉ ( အရာရာတိုင်းက ဖြည်းဖြည်းချင်းစီ ကောင်းလာတယ် )
( ဟိုကိစ္စ ရှောင်ခိုင်းတာကလွဲလို့ )
"မြက်မှုန့်တွေ အသုံးမကျဘူးဆိုတာ ဘာအဓိပ္ပာယ်လဲ"
ကောင်းတာ့ကျွောင်းမှာ ထိုစကားကိုကြားတော့ မျက်မှောင်ကြုတ်သွား၏။
"ဘာအဓိပ္ပာယ် ဖြစ်ရမှာလဲ။ ဧကရာဇ်က ဒီလျို့ဝှက်နည်းလမ်းရဖို့ ငွေအများကြီး သုံးထားရဲ့သားနဲ့ သုံးစားမရတဲ့အထည်တွေကိုပဲ ရက်လုပ်နိုင်နေတယ်။ ဘာနဲ့မှ ထိုးဖောက်လို့မရတာတွေ အသာထား၊ သာမန်ဓားမြှောင်နဲ့တောင် လွယ်လွယ်လေးထိုးလို့ ပေါက်သွားတာဗျ။ ဒါမျိုးကို စစ်မြေပြင်မှာ ဝတ်လို့ ဘယ်ရမှာတုန်း "
"မဖြစ်နိုင်ဘူး!!!! ဧကရာဇ်နဲ့ အမတ်မင်းတို့တောင် အရင်တစ်ခါ စမ်းသပ်ကြည့်ပြီးပြီပဲ၊ အဲံဒါကြောင့်လည်း စရံငွေိကို ယုံယုံကြည်ကြည် ပေးထားတာလေ"
"အဲ့တုန်းက ပြဿနာမရှိပေမယ့် အခုနေ ပြနမဖြစ်လာနိုင်ပါဘူးလို့ ဆိုလုတာမှ မဟုတ်တာ "
"ကျွန်တော် မယုံဘူး"
ကောင်းတာ့ကျွောင်းက ခေါင်းခါလာ၏။
"ပန်ကွမ်းက မင်းကို တမင် ခြိမ်းခြောက်အကျပ်ကိုင်နေတာလို့ ထင်နေသလား!!!!"
ဝမ်းလျိုနျဲန်က စိတ်တိုစွာ ဆိုလာ၏။
"ဒီကိစ္စကို သင့်တင့်မျှတတဲ့အဖြေ မပေးနိုင်ရင် ပန်ကွမ်းရော တပ်မှူးချိန့်ပါ မဆီမဆိုင် ယိုးစွပ်ခံရတော့မယ်။ ဒီကိစ္စကို ဖြေရှင်းဖို့ မင်း နည်းလမ်းရှာထားတာ ပိုကောင်းမယ်!!!!"
ဒေါသမီးဟုန်းဟုန်းတောက်နေသော သူ၏ပုံစံကို မြင်တော့ ကောင်းတာ့ကျွောင်းမှာ အခြေအနေအရပ်ရပ်ကို ခေတ္တမျှ နားမလည်နိုင်ဖြစ်သွား၏။
ရုတ်ရုတ်သဲသဲ ဆူညံသံများကြားတော့ အိမ်ထဲမှ ပိန်ပိန်ပါးပါးအခြားယောက်ျားများ ရောက်လာကာ ဘာများဖြစ်သွားကြောင်း အခြားဘာသာစကားဖြင့် မေးလာသည်။ ကောင်းတာ့ကျွောင်းလည်း ထိုသူတို့ကို တီးတိုးတီးတိုး ရှင်းပြလိုက်ကာ စကားဆုံးသောအါ ထိုသူတို့၏ မျက်နှာပေးသည်လည်း ပြောင်းသွားကုန်၏။