အပိုင်း - ၁၄၇ ( ကိုယ်တိုင် ဆုံးဖြတ်ပါလေ )
( ဒီအတိုင်းလေးလည်း ကောင်းနေပါပြီ )
အပြင်ဘက်တွင် မိုးစုန်းစုန်းချုပ်ပြီးခါမှ ကျောက်ယွဲ့ အမ်ပြန်လာသည်။ ဝမ်းလျိုနျဲန်က စားပွဲတစ်ခုထက် မှောက်လျက်အိပ်ေပျာ်နေ၏။
"ဘာလို့ ဒီမှာ လာအိပ်နေတာလဲကွာ၊ အအေးမိရော့မယ်"
ကျောက်ယွဲ့က လူကို ပွေ့ချီယူလိုက်ကာ ဆိုလာ၏။ ဝမ်းလျိုနျဲန်က သမ်းဝေလိုက်ကာ ပြောလာသည်။
"ခင်ဗျားပြန်လာတဲ့အထိ စောင့်ချင်တာလေ။ ခုရော ဘယ်သွားလာတာလဲ၊ တစ်နေကုန် မျက်နှာလေးတောင် မတွေ့ရဘူး"
"ဆရာ့ဆီ သွားတာ။ မင်း နန်းတော်ထဲမှာပဲ ရှိနေတယ်ထင်လို့ ဘယ်သူ့ကိုမှ အကျိုးအကြောင်းပြောဖို့ မလွှတ်လိုက်မိဘူး"
"လူကြီးမင်းက ခင်ဗျားကို ဘာကိစ္စရှိလို့ ခေါ်လိုက်တာလဲ"
"ဒဏ်ရာတွေ စစ်ဆေးေပးရုံပါ။ ပြီးတော့ ကိုယ့်ကိုယ်ကို ဖြည်းဖြည်းချင်းကုစားနိုင်ဖို့ ကျင့်ကြံနည်းတစ်မျိုးပါ သင်ပေးလိုက်တယ်"
"အင်း၊ အရမ်း မပင်ပန်းလိုက်စေနဲ့နော်"
ဝမ်းလျိုနျဲန်မှ သတိပေးလာသည်။
ကျောက်ယွဲ့မှ ဆို၏။
"ဒီတလော ကိုယ် ကောင်းကောင်း အနားယူခဲ့ရပြီးသားပါ၊ ဘယ်လိုလုပ်ပြီး ပင်ပန်းရမှာလဲ။ ပြောင်းပြန်အနေနဲ့ မင်းကမှ အိမ်မှာ တစ်လလောက်နားမယ်ဆိုပြီး လက်ထပ်ပြီးတာ သုံးရက်တောင်မကြာလိုက်ဘူး၊ နန်းတော်ထဲကိုပဲ နေ့တိုင်းသွားနေတယ်"
ဝမ်းလျိုနျဲန်က တစ်ဖက်လူ၏ လည်တိုင်အား သြုင်းဖက်လာသည် ။
"သွားချင်တယ်လို့မှ မဟုတ်တာ။ မတတ်နိုင်ဘူးလေ"
"အင်း၊ ကိုယ် သိပါတယ်"
ကျောက်ယွဲ့က ချစ်သူနှင့် နဖူးချင်းတေ့ဆိုင်ထားလိုက်ကာ ဆက်မေးလာသည်။
"ရှီးနန်ဝမ်ကိစ္စ ဘယ်လိုနေလဲ"
ဝမ်းလျိုနျဲန်မှ ဆို၏။
"အရှင်မင်းမြတ်က ရှီးနန်ဝမ်ကိစ္စကို တမင်တကာ လွှတ်ပေးထားတဲ့ပုံပဲ။ သူ့မှာ သေချာတွေးတောကြံစည်ထားတဲ့ အကြံအစည် ကျိန်းသေပေါက်ရှိတယ်၊ ဒါပေမယ့် ဘယ်သူ့ကိုမှ မေးမြန်းစုံစမ်းခွင့် မပြုဘူး။ ကျွန်တော် မေးခွန်းတစ်ခုလောက် မေးလိုက်တာတောင် နေ့လယ်စာက ပင်လယ်စာကနေ ဟင်းသီးဟင်းရွက်နဲ့တို့ဖူး တန်းဖြစ်သွားတာဆိုနေ"