Arc 11.5

3.9K 564 0
                                    

Unicode

ဝမ်ယွမ်တောင်မှာ နေတဲ့သူတော်စင်တွေကအတော်ကိုလေးစားခံရတဲ့သူ​တွေဖြစ်တယ်

ဧကရီကိုယ်တိုင်ကတောင်သူတို့ကိုအပြစ်မပြုရဲဘူး

အကြောင်းပြချက်ကိုဘယ်သူမှမသိကြဘူး

ရှေးအကြာကြီးကတည်းကတည်ရှိခဲ့တဲ့ရိုးရာဓလေ့ကြောင့်လို့တော့လူပြောများကြတယ်

ဝမ်ယွမ်တောင်မှာနေတဲ့လူဦးရေက အရမ်းကိုနည်းနေပေမယ့်လည်းရှေးဘိုးဘေးစဉ်ဆက်ကတည်းကလေးစားလာခဲ့တာကြောင့်တော်ဝင်မိသားစုက တရိုတသေဆက်ဆံရတယ်

ကျန့်ဇီးသွားပြီးဖိတ်ခေါ်တဲ့အခါမတော်တဆအပြစ်ပြုမိတာက ဧကရီကိုအတော်လေးဒေါသထွက်စေတယ်

ဧကရီကသူမဘေးနားကလူမှန်သမျှအကုန်စေလွှတ်ပြီးဖိတ်ခိုင်းတယ် ဒါပေမဲ့အငြင်းခံရတယ် ဒီလိုနဲ့ရာထူးအလိုက်စေလွှတ်တဲ့အခါမှာရှီရှန်းရဲ့အလှည့်ကိုရောက်လာတော့တယ်

ရှီရှန်း ကမသွားချင်လို့သူမနေမကောင်းဖြစ်နေတယ်ဆိုပြီးရှောင်ဖယ်မလို့လုပ်တယ် ဒါပေမဲ့ကံဆိုးစွာနဲ့ပဲဧကရီကလူတွေအများကြီးရှေ့မှာတိုင်းခန်းလှည့်လည်ရင်းကြေငြာခဲ့ပြီးအမျှော်အမြင်ရှိရှိလုပ်ပစ်လိုက်တယ်

ရှီရှန်း တစ်ယောက်အံကိုတင်းတင်းကြိတ်ထားရတယ်
သူမ မသွားဘူးလို့ငြင်းလို့ရပေမယ့်ဒီအကြောင်းကိုအခြားသူတွေသိရင်ကျွင်းအိမ်တော်ကိုဝိုင်းအပုပ်ချ ကြတော့မယ်

ရှီရှန်း ကသူမမိသားစုကိုဘာမှမဖြစ်စေချင်ဘူး

ဒီလိုတွေသာဖြစ်ပျက်သွားရင်ကျွင်းအိမ်တော်ကငြိမ်းငြိမ်းချမ်းချမ်းနေရမှာမဟုတ်တော့ဘူး

တိုင်းသူပြည်သားတွေရဲ့အမြင်က နိုင်ငံရေးမှာအတော်လေး အရေးပါတယ်

ဝမ်ယွမ်တောင်ကမြို့တော်နဲ့သိပ်မဝေးဘူး ဧကရီက သူမရဲ့လေးစားမှုကိုပြသတဲ့အနေနဲ့, သူတော်စင်ဆီကိုစေလွှတ်တဲ့အခါအခမ်းနားဆုံးစီတန်းလှည်းယာဉ်တွေနဲ့လှည့်လည်စေတယ်

ရှီရှန်း ကခါးကိုမတ်လိုက်ပြီးအပြင်ဘက်ကမြင်ကွင်းကိုဖြည်းဖြည်းချင်းရှုစားနေတယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now