Unicode
"သခင်မ ဘာကိုရှာနေတာလဲ"
ထောင်ချင်းသည် ရွာထဲသို့ ဝင်လာသည့် ဓားပြများကဲ့သို့ ရှီရှန်းတစ်ယောက် စာကြည့်တိုက်ထဲသို့ ဒရောသောပါးပြေးဝင်သွားသည်ကို ကြည့်နေသည်။
ရှီရှန်းကိုယ်တိုင်လည်း သူမ ဘာကိုရှာနေသလဲမသိပေ။ ကြုံရာကျပန်းရှာဖွေခြင်းဖြင့် သူမ၏ကံကို ကြိုးစားနေခြင်းသာဖြစ်သည်။
'အယ်? ဒီပန်းချီက သိပ်မဆိုးဘူးပဲ'
"သခင်မ…"
ထောင်ချင်း၏ မျက်နှာတစ်ခုလုံး နီမြန်းလာပြီး ပုံများကို လက်ဖြင့် အမြန်ပိတ်လိုက်သည်။"ဘာလို့...စာကြည့်တိုက်မှာ ဒါတွေရောက်နေတာလဲ"
'ဒါက စာသင်ကျောင်းတစ်ခုလေ ဘာလို့ ဒီလို မသင့်လျော်တဲ့ပစ္စည်းက ရှိနေတာပါလိမ့် ပြီးတော့ သခင်မက အဲ့ဒါကို တည်ငြိမ်တဲ့အမူအရာနဲ့တောင် ကြည့်နေသေးတယ်...'
ရှီရှန်းသည် စာအုပ်ကို ထောင်ချင်း၏လက်ထဲသို့ ထိုးထည့်ပေးလိုက်သည်။
"ယူခဲ့နော်"
"အာ? ဒါ.."
'ဒီစာအုပ်ကို ဘာလို့ ယူသွားချင်တာလဲ'ရှီရှန်းသည် နောက်ထပ်မတော်တလျော်စာအုပ်များစွာကို ရှာတွေ့ခဲ့ပြီး အရည်အသွေးကောင်းပုံရမည့် စာအုပ်အချို့ကို ထောင်ချင်းထံ ပေးလိုက်သည်။
"သခင်မ... ဒီကနေ မြန်မြန်ထွက်သွားရအောင်"
ထောင်ချင်းရဲ့အသံက စတင်တုန်လှုပ်လာခဲ့သည်။ရှီရှန်းက စာကြည့်တိုက်ထဲရှိစာအုပ်တစ်အုပ်ချင်းစီကို အကြမ်းဖျင်းကြည့်ရှုစစ်ဆေးနေသည်။
'နားမလည်ဘူး ဒီစာကိုဖတ်လို့မရဘူး ဒီဟာကို ဘယ်သူရေးတာလဲ ခွေးခြစ်ထားသလိုပဲ!'ရှီရှန်းက စာအုပ်ကို ဘေးသို့ပစ်ချလိုက်ပြီး စင်ကို မှီလိုက်သည်။
'ဒီမှာ စာအုပ်တွေ အများကြီးရှိတယ် ငါလိုအပ်တာကို ရှာတွေ့ဖို့ ဘယ်လောက်ကြာမလဲ နောက်ပြီး ဝေ့ယန်နန်းဆောင်က ဘယ်မှာလဲ'"ဝေ့ယန်နန်းဆောင်အကြောင်း တကယ်မကြားဖူးဘူးလား" ရှီရှန်းက ရုတ်တရက် မေးလိုက်သည်။
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....