Unicode
ရှီရှန်းက သူမတို့ ဘယ်နှချီလုပ်မိမှန်းတောင် မသိတော့ဘဲ သူမတစ်ကိုယ်လုံး အားမရှိတော့တောင် မောပန်းနွန်းနယ်နေတဲ့ အခြေအနေရောက်မှ အိပ်ပျော်သွားတယ်
သူမနိုးတဲ့အချိန်မှာ နောက်နေ့ ညနေခင်းတောင်ရောက်နေပြီ
ရှီရှန်းက နူးညံ့ချောမွေ့တဲ့ရင်ဘတ်ကို မျက်နှာမူနေတဲ့အနေအထားမှာ နိုးလာပြီး သူမကိုယ်သူမ လင်းယွဲ့ရဲ့ရင်ခွင်ထဲမှာရောက်နေမှန်းသတိပြုမိလိုက်တယ်
လင်းယွဲ့ရဲ့ ကြည်လင်အားပြင်းတဲ့ စည်းချင်ကျကျနှလုံးခုန်သံကို သူမကြားနေရတယ်
ရှီရှန်းက ညစ်ကျယ်ကျယ်ပြုံးလိုက်ပြီး လင်းယွဲ့ရဲ့ခန္ဓာကိုယ်ကို အမိအရကိုင်တွယ်ပွတ်သပ်တော့တယ် ဒါပေမယ့် သူမလက်က အောက်ပိုင်းကို ရောက်တော့မယ့်အချိန်မှာပဲ လင်းယွဲ့ရဲ့တားဆီးခြင်းကိုခံလိုက်ရတယ်
"အာ့!.."
လင်းယွဲ့က သူမလက်ကို စောင်အပြင်ကို ဆွဲယူပြီး ကြည့်လိုက်တယ် သူလက်ချောင်းတွေက မနေ့ညက တံခါးနဲ့ညှပ်မိတာကြောင့် ရောင်ကိုင်းနေတဲ့နေရာကို ဖြည်းညှင်းစွာထိတွေ့နေတယ်
ရှီရှန်းက သူမလက်ကို မျက်မှောင်ကျုတ်ကြည့်နေတဲ့ လင်းယွဲ့ကို မော့ကြည့်လိုက်တယ် သူမကြည့်နေမှန်းခံစားမိသွားတော့ လင်းယွဲ့ရဲ့နားရွက်ဖျားလေးတွေနီရဲသွားတယ် ဒါပေမယ့် သူ့ရဲ့ကျောက်ရုပ်မျက်နှာကိုတော့ ဟန်မပျက်ထိန်းထားတုန်းပဲ "ဆေးလိမ်းဖို့လိုတယ် "
"သာမန်အသေးအမွှားဒဏ်ရာလေးပါ.." ရှီရှန်းက သူမလက်ကိုပြန်ရုတ်လိုက်ပြီး ဖြည်းညှင်းစွာပြောလိုက်တယ် 'ဒါပေမယ့် သေလောက်အောင် နာတယ်ဟ..လခွမ်း..အိမ်သူလေးကို စိတ်မကောင်းဖြစ်အောင်လုပ်လို့မဖြစ်ဘူး..ငါတောင့်ခံရမယ်..'
လင်းယွဲ့က လှဲနေရာက ထထိုင်လိုက်ပြီး သူမတို့ရဲ့အဝတ်တွေကို ရှာလိုက်တယ် ဒါပေမယ့် သူတို့ မနေ့ညက ဘယ်လောက်တောင် ပွဲကြမ်းခဲ့မှန်း အခုမှ သဘောပေါက်သွားတယ် ..နှစ်ယောက်လုံးရဲ့အဝတ်တွေစုတ်ပြဲနေပြီ..ထပ်ဝတ်လို့မရတော့ဘူး
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....