Unicode
ယွိကျိုပြောတဲ့ ပထမအချက်ကို ယန်ဟွေ့လီ လက်ခံနိုင်ဆဲဖြစ်ပေမယ့်လည်း ဒုတိယအချက်ကတော့ ...
"Mr ယွိ ကတကယ်ကိုရယ်စရာကောင်းတယ်... မင်းရဲ့ရည်းစားက ဘယ်လိုလုပ်ပြီး ငါ့ ရှန့်ရှီ Group ရဲ့ CEO ဖြစ်လာမှာလဲ.."ရှီရှန်းက ယန်ဟွေ့လီနဲ့စကားများပြီး အချိန်ဖြုန်းတီးဖို့ စိတ်မ၀င်စားဘူး "CEO ယန်.. ကျွန်မတို့ အားလုံးအမှန်တရားကိုသိပြီးသားပဲလေ.."
ရှီရှန်းက သူမလက်ထဲမှာရှိတဲ့ စာရွက်စာတမ်းတွေကို စားပွဲပေါ်ပစ်ချလိုက်တယ် "အရာအားလုံးဒီမှာ...ကိုယ့်ကိုကိုယ်ရှာကြည့်ပါ "
စာရွက်စာတမ်းများကို ဖတ်နေစဉ် ယန်ဟွေ့လီရဲ့ အမူအရာကပိုဆိုးလာတယ်
DNA စစ်ဆေးမှုရလဒ်တွေ..
အမွေဆက်ခံသူဖြစ်ကြောင်းအထောက်အထားတွေ..
အမွေလွှဲပြောင်းစာရွက်စာတမ်းတွေယန်ဟွေ့လီရဲ့ လက်တွေတုန်ခါသွားတယ်
ဒီရှယ်ယာတွေက ရှန်းရှရဲ့မိဘတွေနဲ့ အခြားရှန်းမိသားစုဝင်အပိုင်တွေ ဖြစ်တယ်
ရှီရှန်း ဟာ ရှန့်ရှီ Group မှာ အစုရှယ်ယာ ၅၄% ကိုပိုင်ဆိုင်ထားတယ်
ရှန့်ရှီ Groupဟာ ရှန့်မိသားစု၀င်များရဲ့ လက်ထဲမှာရှိနေတယ် ယန်ဟွေ့လီ
က သူ့ရဲ့ရှေ့နေတွေကိုခေါ်ပြီး စာရွက်စာတမ်းတွေကို အပြစ်အနာအဆာတစ်စုံတစ်ရာကိုရှာဖို့ ကြိုးစားပေမယ့်လည်း ရှီရှန်းက သူတို့တောင်းဆိုသမျှကိုပေးနိုင်ခဲ့တယ်
ရှီရှန်းရဲ့ရှေ့နေက အလွန်စေ့စပ်သေချာတာတောင့် သူ့လူတွေက ဘယ် ချို့ယွင်းချက်ကိုမှရှာမတွေ့နိုင်ခဲ့ဘူး..CEOအဖြစ် ရှီရှန်း လုပ်တဲ့ပထမဆုံးကလူဟောင်းတွေကို အသစ်တွေနဲ့လဲလှယ်ခြင်းပဲ..အကျိုးဆောင်ရှေ့နေတွေက သူမရဲ့ထိပ်တန်း ဦး စားပေးဖြစ်တယ်
သူမဟာ ယွိရှင်းယွင် နဲ့ ကုယန်တို့ဆီကယုံကြည်စိတ်ချရတဲ့လူတချို့ကိုငှားခဲ့တယ်..အချို့လူတွေက သူတို့ရဲ့အခွင့်အာဏာကိုလက်လွှတ်ဖို့ ငြင်းဆန်ကြတာကြောင့် ရှီရှန်းက ယွိကျို ဆီကနေ သက်တော်စောင့်အချို့ကိုလည်း ရိုးရှင်းစွာပဲ ငှားယူခဲ့တယ်
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....