Unicode
"ဒါကအစစ်လား "
"ဟုတ်ပါတယ်လူကြီးမင်း စိတ်မပူပါနဲ့ ကျွန်တော်တို့ဆိုင်မှာရှိသမျှပစ္စည်းတိုင်းကသက်သေခံလက်မှတ်နဲ့ထောက်ခံချက်ပါတာမို့ဒါတွေကသေချာပေါက်စစ်တယ်"ရှီရှန်းလှည့်ကြည့်လိုက်တော့ ဒီဆိုင်ရဲ့သူဌေးကသက်ကြီးရွယ်အိုတစ်ယောက်နဲ့စကားပြောနေတယ်
သူဌေးကအလှဆင်ကြေးထည်အပိုင်းအစတစ်ခုကိုကိုင်ထားတယ် ရှီရှန်းကအချိန်အကြာကြီးငေးကြည့်နေပေမယ့်လည်း သူမရဲ့သာမန်မျက်စိက ပစ္စည်းရဲ့အရည်အသွေးကို မသုံးသပ်နိုင်ခဲ့ဘူး
သူမခေါင်းကိုငုံ့လိုက်ပြီး အဲ့ဒါကို စကင်လှမ်းဖတ်လိုက်တယ်သက်တမ်း အနှစ် ၃၀
ကြေးထည်
တန်ဖိုး - ယွမ် ၁၀၀၀
အကွာအဝေး: 10 မီတာ'သက်တမ်းအနှစ် ၃၀ ပဲရှိသေးတာလား အဲ့ဒါအတုလို့မဆိုလိုဘူးလား '
"သူ့မှာနှစ်ပေါင်း ၃၀၀ ကျော် သမိုင်းရှိတယ်။ သခင်ကြီး..."
သူဌေးက အဲ့ဒါကိုအဘိုးအိုကိုရောင်းဖို့ အသေအလဲကြိုးစားနေတုန်းပဲရှီရှန်းက ဘာစကားတစ်ခွန်းမှ၀င်မပြောဘဲအဖိုးအိုငွေရှင်းလိုက်တာကို ဒီတိုင်းကြည့်နေလိုက်တယ်
ရှီရှန်းရဲ့အကြည့်က အလွန်စူးရှနေတာကြောင့်ဖြစ်နိုင်တယ် သူဌေးကသူမအားလှမ်းအကြည့် ၊ သူမလက်ထဲက ထူးဆန်းတဲ့အရာဝတ္ထုကိုတွေ့လိုက်ပြီး စိတ်ဝင်စားသွားစေပုံရတယ်အဘိုးအိုကို ဂရုစိုက်ဖို့ အခြားသူတစ်ဦးကို ခေါ်ပြီးနောက် သူက ရှီရှန်းဆီလျှောက်သွားလိုက်တယ်
သူဌေးက အမြော်အမြင်ရှိပုံရတဲ့ သက်လတ်ပိုင်းလူတစ်ယောက်ဖြစ်ပြီး သူကရှေးဟောင်းပစ္စည်းတွေ ရောင်းချတဲ့ လုပ်ငန်းလုပ်ကိုင်နေတာကြောင့် သူ့အဝတ်အစားတွေက တရုတ်ပြည်သူ့သမ္မတနိုင်ငံစတိုင်နဲ့ ပိုနီးစပ်နေတယ်
" နည်းနည်းတော့ ထူးဆန်းနေတယ် ဒီလောက်ငယ်ငယ်ရွယ်ရွယ်နဲ့ မင်းကရှေးဟောင်းပစ္စည်းတွေကိုစိတ်ဝင်စားတယ်လား " သူက ရှီရှန်းကို စကားပြောနေပေမဲ့သူ့အကြည့်ကသူမလက်ထဲမှာဖုန်းဆီ ဦး တည်နေတယ်
ESTÁS LEYENDO
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....