Arc 13.7

2.9K 432 3
                                    

Unicode

'ဂိုဏ်းချုပ်တဲ့လား..နင့်​မေကြီး​တော်ကို ​ခွေး​ပေါက်​လေး ယူ?..နင်တို့ဂိုဏ်းချုပ်က တကယ်ပဲ ဘယ်လိုမျိုးလဲ '
သူမကိုယ်သူမ မထိန်းနိုင်​တော့တဲ့ အဆုံးမှာ​တော့ ရှီရှန်း တစ်​ယောက် ထရီပါ​လေ​ရော

လူတိုင်းက တိတ်ဆိတ်​နေတဲ့အချိန် သူမဆီက​နေ ရီသံကြီး ထွက်လာတာမို့ ထူးဆန်းတဲ့အကြည့်​တွေနဲ့ ကြည့်ခံရ​တော့တယ်

ဂိုဏ်းချုပ် ကျန့်ကျန်း လည်း သူမကို စိုက်ကြည့်လိုက်​ပေမယ့် သူ့ပုံစံက တကယ့်ကို က​လေးတစ်​ယောက် နှုတ်ခမ်းဆူ​နေသလိုပဲ

"၀ူကျန်း..မင်းဘာကိုရီ​နေတာလဲ.."
ရှီရှန်းရဲ့ ရီ​မောမှုက တန့်သွားတယ်
'မူရင်း ၀ူကျန်းက ဒီက​လေးကို သိများသိ​နေလား..ရှီရှန်းက မူလဇာတ်​ကြောင်း​ရော မှတ်ဥာဏ်ထဲပါ ရှာ​ဖွေ​ပေမယ့် ဘာမှမ​တွေ့ရဘူး

'ငါထင်တာ​တော့ သူတို့​တွေ တစ်ခါမှမ​တွေ့ဖူးကြဘူး​နေမယ် '
ကျန့်ကျန်းက သူမဆီကို ​ရန်လိုစွာနဲ့ ​ပြေးလာတယ်

သူ့၀တ်ရုံလက်စ​တွေက ​လွင့်​မျော​နေပြီး  ​သူကိုင်ထားတဲ့ ကောင်းကင်ပျက်သုဥ်းဓါးရဲ့ လက်ကိုင်ရိုးမှာ ချိတ်ဆွဲထားတဲ့ ချူ​တွေက တချွင်ချွင် မြည်​နေကြတယ်

ရှီရှန်းက​တော့ ဘာမှမ​ပြောဘဲ ထိုင်ခုံ​ပေါက် ​ခြေ​ထောက်ဆန့်တက်ပြီး ကြည့်​နေတယ် ဒူး​ခေါင်း​ပေါ် လက်တင် ​ခြေတဆတ်ဆတ်လှုပ်ပြီး အ​တော်​လေး မိန်းမမဆန်တဲ့ အပြုအမူနဲ့​ပေါ့ 
သူမက ကျန့်ကျန်း သူမနားတဖြည်းဖြည်း နီးလာတာကို ​စောင့်ကြည့်​နေတယ်

ဒါ​ပေမယ့် ရုတ်တရပ်ဆိုသ​လိုပဲ ကျန့်ကျန်းရဲ့ ​ကောင်းကင်ပျက်သုဥ်းဓါးက သူမဘက်ကို ​​ဝှေ့ယမ်းလာ​လေရဲ့

ရှီရှန်းက ​​လွတ်​နေတဲ့​နေရာကို အမ့န်ခုန်​ရှောင်လိုက်တာ​ကြောင့် ဘညမှဖြစ်မသွား​ပေမယ့် ခုနက သူမထိုင်​နေတဲ့ ထိုင်ခုံက​တော့ ဖုန်မှုန့်ဖြစ်သွား​လေပြီ

"လီးလား!!! နင်​ရောဂါဖြစ်နေတာလား "
ရုတ်တရပ်ကြီး တိုက်ခိုက်ခံရပြီးတဲ့​နောက် ရှီရှန်းရဲ့ ​ဒေါသက ​နောက်တစ်ကြိမ်မြင့်တက်လာပြန်တယ် 'ငါနင့်ကို သိ​တောင်မသိတာကို ဘာကိစ္စ ဓါးနဲ့ခုတ်ချင်​နေတာလဲဟ!"

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now