Unicode
ကျင့်ကြံသူတွေကို ဒီလောကမှာ ဖုံးကွယ်ဖို့ကြိုးစားတာတွေဘာတွေမရှိဘူး အချို့ဆိုရင် အဲလိုလူတွေကို သူတို့နားမှာ ကာကွယ်ဖို့ထားထားတာတွေတောင်ရှိတယ်
ရင်းမော့ရဲ့စကားလုံးတွေက အခြား လူကြီးသုံးယောက်ရဲ့မျက်နှာ အမူအယာကို ပြောင်းသွားစေတယ်
ကျင့်ကြံသူ...သူတို့မျက်လုံးထဲမှာ ပုံရိပ်တွေပေါ်လာတယ် သူတို့ ဒီလိုလူကို ယှဥ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး
အဆုံးမှာတော့ သုံးယောက်လုံးအရှုံးပေးသွားရပြီးတော့ လုံရွှမ်ရဲ့ စားပွဲခုံပေါ်ကို သွားပြီးကြည့်ကြရတော့တယ် လုံရွှမ်က ဒီအခွင့်အရေးကို အရယူပြီး အင်တာနက်ပေါ်မှာ အကူအညီခေါ်လိုက်တယ်
ရှီရှန်းက သူတို့ကိုအေးစက်စွာကြည့်နေတယ်
'အဲဒီအသုံးမကျတဲ့ လူတွေဒီကိုရောက်လာတာနဲ့ ဒီအခန်းထဲကလူတွေကိုငါသတ်ပစ်မယ်'
"သူမှန်းငါသိသားပဲ, အဲဒီအဘိုးအိုကြီးဝမ်ကတော့ ငါတို့ကို ဆန့်ကျင်ရဲတယ်ပေါ့ "
သေနတ်ကိုထုတ်ခဲ့တဲ့အဘိုးအိုက ဒေါသတစ်ကြီးကျိန်ဆဲနေတာကို သူတို့ကြည့်နေကြတယ်
လုံရွှမ်က အခြားသူနှစ်ယောက်ကို တိုးတိုးနေဖို့သတိပေးပြီးအချက်ပြတယ် အခုချိန်မှာ သူတို့လိုနေတာက အချိန်ဆွဲဖို့ပဲ သူ့လူတွေ ဒီကိုရောက်လာတာနဲ့ သူဒီကလေးမလေးကို မနိုင်ဘူးလို့မပြောနိုင်ဘူး
ရှီရှန်းက စိတ်ရှည်ရှည်နဲ့စောင့်နေပြီးတော့ ရှန့်ကျားရင်းကို ပြုံးပြုံးလေးကြည့်နေတယ် အပြုံးကအရမ်းကိုတောက်ပပြီးတော့ ကြည့်မိသူတွေကို ကျောရိုးတစ်လျှောက် ကြက်သီးဖျန်းဖျန်းထစေတယ်
ရှန့်ကျားရင်းက နှစ်ခါရှင်သန်ပြီးတာတောင် ဒီလိုမျိုးလူကို မတွေ့ဖူးသေးဘူး
သူမဒေါသထွက်နေတာလား, ပုံစံကတော့အဲလိုပုံစံမပေါက်ပါဘူး, သူမပြောတဲ့စကားလုံးတွေက လူသတ်ချင်စိတ်ပေါက်နေပေမယ့် သူမအသံကတော့တည်ငြိမ်လွန်းနေတယ်
"ရှန်း မိန်းကလေး...."
"ရှင်စကားမပြောခင်သေချာစဥ်းစားပါ , ကျွန်မမှာ ဦးနှောက်ရှိတယ် အရူးလုပ်ရဲလုပ်ကြည့်ရှင့်အကြောင်း ဇာတ်လမ်းကောင်းကောင်း ရေးပေးလိုက်မယ်"
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....