Arc 13.35

662 73 0
                                    

Unicode

နတ်ဆိုးဂိုဏ်းတွင် ဗရမ်းပတာ​နေ့ရက်များဖြင့် ပြည့်နေခဲ့သည်။

ကျန့်ကျန်းသည် သီးသန့်ကျင့်ကြံခြင်းမှထွက်လာခဲ့ပြီး​နောက် ရှီရှန်းက သူမသည် သူ့ပြိုင်ဘက်မဟုတ်​တော့ကြောင်း ဝန်ခံခဲ့ရပြီး သွေးရဖို့ ပိုခက်သွား​တော့သည်။

နှစ်ယောက်သား စားပွဲရှည်ကြီး၏ တစ်ဖက်စွန်းတွင် ထိုင်နေကြပြီး  လေထုသည် အလွန်ထူးဆန်းနေခဲ့သည်။

​နောက်ဆုံးတွင် ရှီရှန်းက တိတ်ဆိတ်မှုကို ဖြိုခွဲလိုက်သည်။
"မင်းရဲ့သွေးကိုရဖို့အတွက် ငါဘာလုပ်ရမလဲ"

"ဘာလို့ ငါ့သွေးကို လိုချင်တာလဲ" 

"ငါ့ဓားကို အစာကျွေးဖို့"
'အကယ်လို့ နင့်သွေးကိုသာ မလိုအပ်ရင် ငါ​​လေးက  နင့်​နောက် တစ်နေ့လုံး လိုက်​နေမယ်လို့ ထင်လား'

ကျန့်ကျန်း "…"
'သူမရဲ့ ​လောကနံပါတ် ၁ ဓားလား?  သူမက ငါ့သွေးကို ဓားတစ်ချောင်းကို အစာကျွေးချင်နေတာလား!!'

ကျန့်ကျန်း အသက်ပြင်းပြင်းရှူလိုက်သည်။  "ငါ့သွေးကို ငါပေးနိုင်ပေမယ့် မင်းငါ့ကိုလက်ထပ်ရမယ်!"

​ဝေါ့!

ရှီရှန်းက စားပွဲကို ရိာက်လိုက်သည်။  "လုံး၀မဖြစ်နိုင်ဘူး!"

သူက ဖုန်းစီတာကြောင့် သူမတွင် လုံး၀ဆန္ဒမရှိခဲ့​ပေ။  မင်္ဂလာပွဲအတုဆိုရင်တောင် သူမချစ်သူကို  သစ္စာဖောက်ရသလို ခံစားရသည်။

"ဒါဆို ငါ့သွေးကို ယူဖို့ မေ့လိုက်​တော့!"

ရှီရှန်း "... "
'ငါ့ကို ခြိမ်းခြောက်နေတာလား'

"ဘာကြောင့်လဲ?"

'ဘာကြောင့် ငါ့ကိုလက်ထပ်ဖို့ ဆန္ဒမရှိတာလဲ'

"ဘာလို့လဲဆိုတော့ မင်းက ငါကြိုက်တဲ့လူ မဟုတ်ဘူး"

"ဒါဆို မင်းကြိုက်တဲ့လူကဘယ်​သူလဲ!"  ကျန့်ကျန်း၏အသံက အနည်းငယ်တိုး​နေသည်။

  'ဘယ်​သူကြိုက်​​နေတာလဲ!  ရှန့်ရှင်းဟိုင်လား?!'

ရှီရှန်းက အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ 
"မင်းနဲ့ဘာဆိုင်လို့လဲ"

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now