Arc 12.1

8K 762 33
                                        

Unicode

ရှီရှန်းက အဲ့ဒီကမ္ဘာမှာ အနှစ်၆၀လောက်နေခဲ့တယ် လင်းယွဲ့က သူမထပ်အရင် ဆုံးသွားတယ်

System space ထဲ ပြန်ရောက်တာနဲ့ ရှီရှန်းက ထုံးစံအတိုင်း screenကို ဓားနဲ့ခုတ်တော့တယ် ဘာမှထူးပြီး ပျက်စီးထိခိုက်သွားတာမရှိဘူးဆိုပေမယ့် ဒါကပဲ သူမရဲ့ မကျေနပ်မှုတွေကို ပေါက်ကွဲလို့ရတဲ့ တစ်ခုတည်းသော နည်းလမ်းပဲလေ

အားရအောင် ပေါက်ကွဲပြီးတာနဲ့ ရှီရှန်းက ခပ်လှမ်းလှမ်းမှာသွားထိုင်ပြီး အဝေးကို ငေးစိုက်ကြည့်နေတယ်

Systemကတော့ အကြောက်လွန်ပြီး ဘာသံမှမထွက်ရဲရှာဘူး 'hostရဲ့စိတ်အခြေအနေက ပိုပိုပြီး ဆိုးလာနေပြီ..'

[host...]

ရှီရှန်းက အကောင်းအတိုင်းပြန်ဖြစ်သွားတဲ့ screenကိုလှမ်းကြည့်လိုက်တယ် "ငါ နင့်သခင်နဲ့တွေ့ချင်တယ်...."

ချီးပဲနော်..ဘာကိစ္စနောက်ကွယ်ကနေပဲပုန်းနေရတာတုန်း..သတ္တိရှိရင် ငါ့ရှေ့ကို ထွက်လာလိုက်ပါတော့လား..’

[....] 'hostရဲ. စကားလမ်းကြောင်းရုတ်တရပ်ပြောင်းလဲမှုကြီးက အရမ်းကြောက်ဖို့မကောင်းလွန်းဘူးလား..'

Systemက အကြာကြီးတိတ်သွားတယ်

[တောင်းပန်ပါတယ် Host ..ခင်ဗျား ကျွန်တော့်သခင်ကို တွေ့လို့မရသေးဘူး..]

"အကြောင်းပြချက်ကရော?.." 'ငါ့ကိုမတွေ့ဘူးပေါ့..ဟလား..ငါ့ကိုကြောက်လို့လား..ဒါမှမဟုတ် အခြားအကြောင်းပြချက်ရှိလို့လား..'

[....]'သခင်က သူမကို စကားများများမပြောနဲ့လို့ ပြောထားတယ်..ဘာမှမပြောနဲ့..ဘာမှမပြောနဲ့....'

ရှီရှန်းက screenကို တဒေါက်ဒေါက်ခေါက်လိုက်တယ် "ဘာလို့အကြာကြီးတိတ်သွားပြန်တာလဲ..ဟေး..နင် ပျက်နေပြီလား..ပျက်ပြီဆိုလည်း Recycle centreကို သွားတော့လေ.."

[....] 'ငါမပျက်ပါဘူးနော်..သခင်က စကားများများမပြောဖို့မှာထားလို့ပါ..မဟုတ်ရင် ငါ့ programeကို အသစ်ပြန်ရေးခံရလိမ့်မယ်..'

Systemက သူမရဲ့ ရမှတ်တွေကိုပဲ တိတ်တိတ်ဆိတ်ဆိတ်ဖော်ပြလိုက်တယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Donde viven las historias. Descúbrelo ahora