Unicode
ယွီ၀မ်ရှင်းက ရွှီခွန်းကို ကြည့်လိုက်သည်။
"မင်းမှန်ရင် ကိုယ်တော် မင်းကို ဟွမ်ကွေ့ဖေးအဆင့် တိုးပေးမယ်"'ကျွမ့်ချုံ မှာ ဒီလိုစွမ်းရည်မျိုး ရှိတယ်လို့ ကိုယ်တော် မယုံဘူး ရွှီခွန်းကို ပြတဲ့ စာရွက်ပေါ်မှာ သူမ ဘာရေးခဲ့လဲ ရွှီခွန်းရဲ့အမူအရာအရ တစ်ခုခု မရိုးသားတာဖြစ်နေပြီဆိုတာ ရှင်းရှင်းလင်းလင်း ပေါ်လွင်နေပြီးသား! ဦးနှောက်ရှိတဲ့သူတိုင်း ဒီကိစ္စကိုသံသယရှိလိမ့်မယ်!'
"အဲ့ရာထူးကို ဘယ်သူက ဂရုစိုက်မှာလဲ ကျွန်မပြောတာသာမှန်ရင် ကျွန်မကို တော်၀င်မင်းဆရာအဖြစ်ခန့်အပ်ပါ ကျွန်မကို ရှင့်ရဲ့ ကိုယ်လုပ်တော်အဖြစ်ကနေ ဖယ်ရှားပေး"
"တော်၀င်မင်းဆရာ? အမျိုးသမီးတစ်ဦးကတော်၀င်မင်းဆရာ ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ ယွင်ကျဲယွီကို တကယ် နတ်ဆိုး၀င်ပူးနေပြီလား?"
"နတ်ဆိုးမဟုတ်ရင်တောင် တခြား၀ိညာဥ်၀င်ပူးခံရနေပြီထင်တယ်"
"အတိအကျပဲ အမျိုးသမီးတစ်ဦးက ဘယ်လိုလုပ်ပြီးတော်၀င်မင်းဆရာ ဖြစ်နိုင်မှာလဲ"
ယွီ၀မ်ရှင်းသည် ရှီရှန်း အနေဖြင့် ထိုသို့တောင်းဆိုလာလိမ့်မည်ဟု လုံး၀မမျှော်လင့်ထားပေ။
တော်၀င်မင်းဆရာရာထူးသည် အမှန်တကယ်အရည်အချင်းရှိရန် လိုအပ်ပြီး မြင့်မြတ်သောအဆင့်အတန်းဖြစ်သည်။ သို့ရာတွင် တကယ့်အာဏာစစ်စစ်ကို မပိုင်ဆိုင်တာကြောင့် လက်တွေ့ကျကျလုပ်နိုင်စွမ်းမရှိတဲ့ အပေါ်ယံခေါင်းစဥ်တစ်ခုမျှသာ။
အမျိုးသမီးတစ်ဦး တော်၀င်မင်းဆရာဖြစ်လာတာကို ဘယ်မှာမှ မကြားဖူးပေ။ သို့ပေမယ့် အခုလေးတင် သူမထုတ်ပြခဲ့တဲ့ အပြုအမူတွေက ယွီ၀မ်ရှင်း၏သံသယကို ခဏရပ်တန့်ပေးလိုက်လေသည်။
"ကောင်းပြီ ကိုယ်တော် သဘောတူတယ်"
'ဒီမိန်းမက တကယ်ကို အရည်အချင်းရှိတယ်ဆိုတာ ကိုယ်တော် မယုံဘူး သူမဘာတွေစီစဉ်နေလဲ ကြည့်ချင်သေးတယ်'
"အရှင်မင်းကြီး မသင့်လျော်ပါဘူး!"
"အရှင်မင်းကြီး သဘောတူလို့မဖြစ်ပါဘူး ယွင်ကျဲယွီက သရဲပူးခံထားရပြီ!"
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....