Unicode
ဧကရီက သတ်တော်အလတ်ပိုင်းလောက်ရှိပုံရကြောင်း သူမရဲ့ ဆံထုံးတော်ပေါ်က ဆံဖြူချည်မျှင်တွေက သက်သေပြနေတယ် သူမရဲ့ မျက်နှာတော်နဲ့ ကိုယ်ဟန်အမူအရာတွေက တည်တည်တံ့တံ့သဏ္ဌာန်နဲ့ ဧကရာဇ်မင်းတို့ရဲ့ ဂုဏ်ကျက်သရေကိုထုတ်ဖော်ပြနေတယ်
ဒါကြောင့် ရှီရှန်းက သူမပုံစံကို စည်းကမ်းကြီးပြီးဒေါသထွက်လွယ်တဲ့ဆရာမ တစ်ယောက်လို မြင်ယောင်ကြည့်မိလိုက်တယ်
ညီလာခံအချိန်က ထိုင်းမှိုင်းပြီး ပျင်းရိငြီးငွေ့ဖွယ်ပဲ..ရှီရှန်းက တစ်ချိန်လုံး အတွေးတွေပျံ့လွင့်နေတယ်
ဧကရီက သူမနာမည်ကို တပ်ခေါ်ပြီး အထူးတလည်သတိပေးလိုက်တော့မှပဲ အတွေးရိုင်းတွေထဲကနေ ပြန်ထွက်လာနိုင်တယ်
“ဒီအမှုထမ်းက အခုတလော နာမကျန်းဖြစ်နေတာကြောင့် ကိုယ့်ရဲ့အပြုအမူကို မထိန်းသိမ်းမိနိုင်လိုက်ပါဘူး..” ရှီရှန်းက သင့်တော်တဲ့ အမူအရာနဲ့ပြန်ပြောလိုက်တယ် ဒါပေမယ့် သူမအသံကတော့ ဝတ်ကျေတန်းကျေ လေသံဖြစ်နေတယ်
ဧကရီ "......" 'တစ်ချိန်လုံး အာရုံစိုက်မနေတာ အသိသာကြီးကို ဒီလို အကြောင်းပြချက်ပေးပြီး ငါ့ကို အမှုထမ်းကို နှိပ်စက်နေတဲ့ ပုံပေါက်အောင် ပြောရဲတယ် ...အမတ်ချုပ်ကြီးဘာတွေ ကြံနေတာလဲ..မဟုတ်မှလွဲရော ပုန်ကန်ဖို့ စပြီး ကြံစည်နေပြီလား...'
ဧကရီက ရှီရှန်းရဲ့အဖြေက ဝတ်ကျေတန်းကျေ သဘောမှန်းသိပေမယ့်လည်း စကားစမပြတ်အောင် ဆက်ပြီးပြောလိုက်တယ် "အမတ်ချုပ်က တိုင်းပြည်ရေးရာအတွက် ကိုယ့်ကိုကိုယ် အပင်ပန်းခံလွန်းတယ် ...ကိုယ့်ခန္ဓာကိုယ်ကိုလည်း ဂရုစိုက်အုံး...ကျန်းမာရေးကို ထိခိုက်စေနဲ့.."
ရှီရှန်းက နှုတ်ခမ်းကို စိတ်မပါလက်မပါ ပုံစံနဲ့ တွန့်ကွေးလိုက်တယ် "စိုးရိမ်ပေးတဲ့ အတွက် ကျေးဇူးတင်ပေးပါတယ် မင်းကြီး.."
"အမတ်ချုပ်ကို အိမ်မှာ ပြုစုစောင့်ရှောက်ပေးမယ့်သူ မရှိဘူးမလား..ဒီလိုလုပ်ပါလား..ကျန်း မင်းအတွက် အလှလေးတွေ ချီးမြှင့်ပေးမယ်လေ..အမတ်ချုပ်နေမကောင်းတဲ့အခါ သူတို့က ဆေးပေးမီးယူ လုပ်ပေးလိမ့်မယ်ပေါ့"
VOCÊ ESTÁ LENDO
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....