Unicode
ပိုင်လော့က သူမ ဘယ်လိုပြန်လာတယ်ဆိုတာကိုမမှတ်မိဘူး၊ အဲဒီ့အမျိုးသမီးရဲ့ ကောက်ကျစ်တဲ့အပြုံးကသာ သူမစိတ်ထဲမှာ ရစ်၀ဲနေတယ် ။
ပိုင်လော့က အိမ်အပြင်မှာအကြာကြီးရပ်နေခဲ့ပြီး သူမပြောနိုင်တဲ့အရာတွေအများကြီးကိုသူမစဉ်းစားခဲ့ပေမယ့် အဆုံးမှာတော့ ဘာမှပြောမထွက်နိုင်ခဲ့ဘူး။
ရှီရှန်းရဲ့ 'ငါကဘာကြောင့်လုပ်ရမလဲ' ဆိုတဲ့ စကားတစ်ခွန်းက သူမရဲ့အကြောင်းပြချက်အားလုံးကိုပိတ်ပစ်လိုက်တာပဲ
သူမတို့နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက်ကောင်းကောင်းသိတောင်မသိတဲ့အတွက် ပိုင်လော့က သူမရဲ့အကူအညီကိုတောင်းဖို့ ဘာအခြေအနေများရှိမှာလဲပိုင်လော့ စိတ်ပျက်လက်ပျက်နဲ့ပဲထွက်သွားနိုင်တယ်။
ဒါပေမယ့် ရွာအကြီးအကဲကတော့ ရှီရှန်း ရဲ့အကူအညီကိုတောင်းဖို့တစ်စုံတစ်ယောက်ကိုစေလွှတ်လိုက်တယ်။ အဲ့လူက အားဖူ ပဲ"၀ူကျန်း၊ မင်းငါတို့ကိုကူညီပေးဖို့ ဘာလုပ်ပေးရမလဲ"
အားဖူက သူမလိုချင်တဲ့ဘယ်အခြေအနေမဆိုဖော်ပြနိုင်တယ်ဆိုတဲ့အဓိပ္ပါယ်နဲ့ တိုက်ရိုက်မေးခဲ့တယ်။
ရှီရှန်းက သူမရဲ့ခြေထောက်တွေကိုချိတ်ထိုင်ရင်း သူမရဲ့ အပြုံးကလည်း ပို တောက်ပလာတယ်
"ဖူယိယွင် နဲ့ပတ်သက်နေသမျှတော့ဘယ်လိုမှမဖြစ်နိုင်ဘူး"အားဖူ"…"
'ဖူယိယွင်က သူမနဲ့ ရန်ငြိုးရှိများရှိနေသလား။ ငါဘယ်သူ့ဆီကမှ အဲ့လိုမကြားဖူးဘူး ... '
"၀ူကျန်း.."ရှီရှန်းကသူမရဲ့လက်ကိုဝှေ့ယမ်းလိုက်သတယ်
"ဘဏ္ဍာစိုးဖူ၊ လူတွေဟာသူတို့ရဲ့ရပ်တည်ချက်အတွက်ခိုင်မာဖို့လိုတယ်၊ ငါကငါ့ဆုံးဖြတ်ချက်ကိုလိုက်နာတယ်။ "အားဖူက သူ့ဒေါသကိုထိန်းလိုက်တယ်
"ဒါဆို သခင်လေးဖူက မင်းကိုထိခိုက်စေတဲ့အရာတစ်ခုခုလုပ်ခဲ့ဖူးသလားလို့ မိန်းကလေး၀ူကျန်း ကိုမေးလို့ရမလား"ရှီရှန်းကသူ့ကိုမော့ကြည့်လိုက်တယ် "သူ့အကြည့်ကိုမကြိုက်လို့"
အားဖူ" …"
သူကဒီအကြောင်းကိုသူ့ရွာသူကြီးဆီကိုသတင်းပို့လိုက်တယ်။
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....