Arc 12.13

3.7K 587 3
                                    

Unicode

အဲ့ဒီညမှာ ရှီရှန်းက တောက်လျှောက် ဟိုဟိုဒီဒီဆွဲ​ခေါ်ခံနေရတယ်

အဲဒီမှာ လူငယ်​လေး​တွေ နဲ့ မိန်းမပျိုးလေးတွေအများကြီးရှိနေပြီးတော့ သေသေချာချာကြည့်မယ်ဆိုရင် တော်တော်ကို ခမ်းနားကြီးကျယ်တဲ့ ပွဲပဲ နည်းနည်းတော့ထူးဆန်းနေတဲ့ပုံစံပေါ်ပေမယ့် သူတို့တွေက တော်တော်ကို ငယ်ရွယ်လွန်းတယ်

ရှီရှန်းက ယောင်ချင်ဆွဲခေါ်ရာနောက်လိုက်သွားရင် မူလဇာတ်ကြောင်းကိုပြန်တွေးနေတယိ
သူတို့ အကခန်းမထဲကိုရောက်တော့မှ သူမသတိရသွားတယ်
ဇာတ်လိုက်မက ကျောက်မျပ်စမ်းစစ်သူရဲ့ တပည့်တစ်ယောက်ဖြစ်လာမှာပဲ

ဒါပေမဲ့သူက လူကောင်းတစ်ယောက်မဟုတ်ဘူးလို့ပဲပြောရမလားပဲ

လူကုန်ထံအသိုင်းအဝိုင်းက လူတွေက သူတပည့်အဖြစ်ရွေးချယ်တာခံရဖို့ သူတို့သားသမီးတွေကို အဲ့ဒီဆီစေလွှတ်ကြတယ်

အကယ်၍ သူတို့သာ တပည့်ဖြစ်လာရင် သူတို့ရဲ့အဆင့်အတန်းတွေကလည်းသိသိသာသာ မြင့်တက်လာမှာပဲ

ဒါပေါ့ သူတို့တွေအားလုံးက ဇာတ်လိုက်မကို နောက်ခံမြင့်ပေးရုံသက်သက်ပဲ တက်ရောက်ကြရတာပေါ့

"ဒီမှာ လူတွေအများကြီးပဲ"
ယောင်ချင်က လူအုပ်ကိုကြည့်လိုက်တယ်
"အဖေကဘယ်ရောက်နေတာလဲမသိဘူး, ဟေး, ဟိုမှာ ဦးလေးကုပဲ"

ယောင်ချင်က ရှီရှန်းကို ဆွဲခေါ်သွားပြီးလူအုပ်ကြားထဲကို ဖြတ်လျှောက်ပြီး ဦးလေးကုဆီသွားဖို့ကြိုးစားတယ် သူက ယွိရှင်းယွင်နဲ့ တူတူမတ်တပ်ရပ်နေတယ်

နှစ်ယောက်လုံးက ခန့်ညားကြပြီး လူလွတ်တွေဖြစ်နေတာကြောင့်တော်တော်ကို ပတ်ဝန်းကျင်ရဲ့ အာရုံစိုက်မှုကိုခံရတယ်

"ဦးလေးကု, "ယောင်ချင်က ရိုရိုသေသေခေါ်လိုက်တယ် ယွိရှင်ယွင်ကို တွေ့တော့ သူမဘယ်လိုခေါ်ရမလဲမသိတာနဲ့ ဦးလေးလို့ပဲ ခေါ်လိုက်တယ်

"အိုး, ယောင်ချင်ပဲ"
ကုရန်က သူမကို နည်းနည်းရင်းနှီးတယ်, သူကရှန်းရှနဲ့တော်တော်ရင်းနှီးတဲ့သူပဲ
ဦလေးယွိက အသိအမှတ်ပြုသလို​ခေါင်းငြိမ့်ပြီးတော့မှယောင်ချင်က သူမဘေးမှာရှိတဲ့ တစ်ဦးတည်းတော့သူဆိုတာ သိတယိ

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now