Unicode
ကုရန်က သူတို့နှစ်ယောက်ကိုကြည့်နေတယ် ငယ်ရွယ်တဲ့ လူငယ်လေးနှစ်ယောက်က သူတို့ရဲ့ဝိုင်ခွက်ကိုကိုင်ပြီး ကိုယ်စီပြုံးနေကြတယ်
ဒါပေမဲ့ သူတို့အပြုံးတွေကတစ်ခုခု ထူးခြားနေသလို သူခံစားနေရတယ် နှစ်ယောက်သားက ဘယ်သူအတောက်ပဆုံးပြုံးနိုင်တယ်ဆိုတာ ပြိုင်နေသလိုပဲ
ယွိရှင်းယွင်တစ်ယောက်ကတော့ အခြေအနေကိုသိပ်နားလည်ပုံမပေါ်ဘူး
"သူတို့နှစ်ယောက်က အတော်လေးအနေနီးကြတာပဲ"ကုရန်"....."
'ဘယ်နားက အနေနီးတာလဲ, ငါကတော့ လေးလံနေတဲ့လေထုပဲမြင်တယ်'"အရင်တုန်းက အဲ့ကိစ္စကြောင့်သာမဟုတ်ရင် ငါတို့ယုန်ပေါက်လေးက သူ့ရဲ့သတို့သမီးလောင်းလေးဖြစ်နေပြီ,အင်းပါလေ.....ပြည်ပကိုတော့ထပ်ထွက်ဖို့အစီအစဥ်မရှိတာကြောင့် ဒီမှာနေပြီးရှောင်ရှလေးကို အဖော်ပြုပေးရမယ်, ဒီကာလအတွင်းမှာ မင်းတော်တော်ခက်ခဲမှာပဲ"
ယွိရှင်းယွင်က ကုရန်ပုခုံးကိုပုတ်လိုက်တယ်ကုရန်က သူတို့နှစ်ယောက်ဆီက အကြည့်ကိုလွှဲလိုက်တယ်
"ကျွန်တော်အရင်တုန်းကလည်း အစ်ကိုကြီးရှန်း ဆီကနေ အကူအညီတွေအများကြီး ရခဲ့တာလေဗျာ... အဲ့တော့ သူ့သမီးလေးကိုတော့ ကျွန်တော်သေချာ စောင့်ရှောက်သင့်တာပေါ့""မင်းက ကျေးဇူးတရားကိုမမေ့တဲ့တကယ့် လူကောင်းပဲ..ဟုတ်သားပဲ..မင်းကုမ္ပဏီနဲ့ပတ်သတ်ပြီး အခက်အခဲတွေရှိနေတယ်ဆို, ငါကူညီနိုင်မယ်ဆိုရင်ပြောသာပြောလိုက်ပါ"
"အကြီးမားဆုံး အခက်အခဲကတော့ဖြေရှင်းပြီးသွားပြီဗျ..."
သူတို့နှစ်ယောက် အရင်ကအကြောင်းတွေပြောနေပြီးတော့ အချိန်အတော်ကြာမှကုမ္ပဏီကိစ္စကို ရောက်လာကြတယ်
"အဖေ, ဦးလေး, ကျွန်တော်ရှောင်ရှလေးနဲ့ လမ်းလျှောက်ထွက်ဦးမယ်"
ယွိကျိုကမတ်တပ်ထရပ်တယ်"မင်းတို့ စားလို့ဝပြီလား"
ကုရန်က ရှီရှန်းကိုကြည့်လိုက်တယ်"အင်း"
ရှီရှန်းက ခေါင်းညိတ်ပြတယ်"အဲ့ဆိုလည်း လျှောက်ပတ်ကြပေါ့"
ကုရန်က ခေါင်းညိတ်ပြတယ်
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....