Arc 12.11

3.8K 617 4
                                    

Unicode

ရှီရှန်း အိမ်မက်တစ်ခုမက်ခဲ့တယ် သူမအိမ်မက်မဟုတ်ပေမယ့် မူလပိုင်ရှင် ရှန်းရှရဲ့အိမ်မက်....။

အတိတ်တုန်းက ဗီလာတစ်ခုမှာ.....

မိန်းကလေးတစ်ယောက် စပျစ်နွယ်ပင်လေးတွေ ရစ်ပတ်နေတဲ့ အိမ်ငယ်လေးရဲ့ဘေးမှာ မတ်တပ်ရပ်နေတယ်
သူမခေါင်းမော့ပြီး အရှေ့ဘက်ကို ချောင်းကြည့်နေတယ်

မလှမ်းမကမ်းနေရာမှာ မိသားစုတစ်စု အိမ်ပစ္စည်းတွေထုပ်ပိုးရင်း အလုပ်ရှုပ်နေကြတယ် ကောင်လေးတစ်ယောက်ကတော့ ကားဘေးနားမှာ မတ်တပ်ရပ်ပြီး ခေါင်းငိုက်နေတယ်

မိန်းမငယ်လေးဟာ သူ့ကိုကြည့်နေပေမယ့် ကောင်လေးကတော့ ပြန်ကြည့်ဖို့ခေါင်းမမော့ခဲ့ဘူး

ပစ္စည်းတွေ ထုပ်ပိုးပြီးလို့ သူ့ကိုကားပေါ်တတ်ဖို့ မိသားစုကလှမ်းခေါ်မှ ကောင်မလေးကို ဖြည်းဖြည်းချင်းလှမ်းကြည့်တယ်

ထိုအကြည့်က မြွေပွေးတစ်ကောင်ရဲ့ အငြိုးပမာ ရက်စက်နေတယ်

မိန်းမငယ်လေးက အလွန်ကြောက်ရွံသွားပြီး နောက်ပြန်ဆုတ်မိတယ် သူမခြေထောက်ပေါ် မကောင်းဆိုးဝါးတက်လာသလို အလန့်တကြား ဗီလာထဲဝင်ပြေးတယ်

အတိတ်ဖြစ်ရပ်တွေဟာ မှေးမှိန်လာပြီး ရှီရှန်းလည်းအိပ်ရာပေါ်ကနေထလိုက်တယ်

[အပိုမစ်ရှင် ပွင့်သွားပါပြီ: အတိတ်လောက၏ မှတ်ညဏ်များ, လက်ခံပြီးပါပြီ]

ရှီရှန်းတစ်ယောက်  မှေးတိန်းတိန်းဖြစ်နေရာကနေ systemရဲ့အေးစက်စက်အသံကြောင့် နိုးလာတယ်

'' အတိတ်လောက၏ မှတ်ညဏ်တဲ့လား?"
'လခွမ်းကိုဘာကြီးလဲဟ!'

[ယွိကျို၏ ငယ်ဘဝနှင့် ရှန်းရှ၏ မိဘများ မည်ကဲ့သို့ဆုံးပါးသွားရသည်ကို ရှာဖွေပါ]

ရှီရှန်း "....''
'လဖွတ်ပဲ, သူမမိဘတွေက လေယာဥ်ပျက်ကျပြီး ဆုံးတာလေ,!! ယွိကျိုးရဲ့ ငယ်ဘဝကငါနဲ့ဘာဆိုင်လဲ??'

'system ရေ, နင်ငါ့ကို မစ်ရှင်တွေတစ်ခုပြီးတစ်ခု ဆက်တိုက်ပေးနေတာတွေရပ်ရင် ငါနင့်ရဲ့နောက်လိုက်ပေါင်းပါ အဖွဲ့ကြီးတစ်ခုလုံးကို ကျေးဇူးတင်မိမှာပဲသလား'

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Onde histórias criam vida. Descubra agora