Arc 11.29

3.5K 501 1
                                    

Unicode

ရှီရှန်း ကလင်းယွဲ့ရဲ့ခေါင်းကို ပုတ်ပေးလိုက်ပြီးတော့ ဘေးဘီကိုအကဲခတ်လိုက်တယ်

တိုက်ပွဲရဲ့ တေးသံစုံက ရပ်တန့်သွားပြီ ကျန့်ဇီကိုတော့ဘယ်နေရာမှရှာမတွေ့ပေမယ့် ချင်းဟွားကတော့ သူမလူတွေဖမ်းတာခံလိုက်ရပြီ ချင်းဟွားရဲ့လူတွေလည်း မြေပြင်ပေါ်မှာပြားပြားဝပ်နေကြတယ်

"ကျန့်ဇီဘယ်မှာလဲ"

'ဇာတ်လိုက်မရေ  ကောင်းကင်ဘုံကို တက်ဖို့ကြံစည်နေတာလားဟင် ငါ့လူတွေအားလုံးပေါင်းတာတောင်နင့်ကိုဖမ်းမမိပါလား'

သူမအစောင့်တွေအားလုံးက ခေါင်းခါပြတယ် သူတို့တွေကျန့်ဇီကို လုံးလုံးမတွေ့မိကြဘူး

"အမတ်ချုပ်၊ ကျွန်တော်တို့သူကို ဘာလုပ်သင့်လဲ "  တစ်စုံတစ်ယောက်က ချင်းဟွားကိုညွှန်ပြသည်
  "ကျွန်တော်တို့သူ့ကိုသတ်သင့်လား"

"သူက ချင်မျိုးနွယ် ရဲ့အမွေဆက်ခံ  သူ မင်းသူ့ကိုဒီလို့သတ်ဖို့သင့်တော်မယ်ထင်လား "  ရှီရှန်းက မျက်လုံးပြူးသွားတယ် "သူ့ကိုဧကရီဆီခေါ်သွားပြီး သူမကိုသာ လုပ်ခွင့်ပြုလိုက်ပါ"

လူတိုင်း “ …”
‘ဘာကွာလို့လဲ သူကဘယ်လိုနည်းနဲ့ဖြစ်ဖြစ်သေမှာမဟုတ်ဘူးလား'

ရှီရှန်း ကလင်းယွဲ့ကိုသူမရဲ့မြင်းပေါ်တင်ပြီး
နန်းတော်သို့ခေါ်ဆောင်သွားတယ်
ကျန်တဲ့သူတွေက ချင်းဟွားကိုခေါ်ပြီးနောက်ကနေလိုက်လာကြတယ်

'ငါတို့မှာခြေနှစ်ချောင်းပဲရှိတာလေ
သူမမှာကမြင်းနဲ့
လေးချောင်းရှိတယ် လိုက်မှီဖို့နည်းလမ်းမရှိဘူး၊ ဟုတ်ပြီလား! '

နန်းတော်ကို အမတ်ချုပ်ရဲ့အင်အားနဲ့ ဝန်းရံထားလိုက်တယ်  နေအိမ်အကျယ်ချုပ်ချထားခံရသောကြောင့်ဧကရီက
ဒေါသထွက်လွန်းလို့
ကြွေပန်းအိုးများကိုပေါက်ခွဲပစ်လိုက်ရုံကလွဲပြီး
ဘာမျှမလုပ်နိုင်တော့ဘူး

ရှီရှန်းက လင်းယွဲ့နဲ့ အတူရောက်လာတေ့ာ ကြွေကွဲစတွေနဲ့ပြန့်ကြဲနေတဲ့ကြမ်းပြင်ကိုတွေ့လိုက်တယ်

'သူမရိုက်ခွဲဖို့
ပန်းအိုးတွေဘယ်လောက်တောင်ပြင်ဆင်ထားတာလဲ

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now