Arc 11.4

4K 565 0
                                    

Unicode

"အမတ်ချုပ်,ဧကရီကိုမငြင်းမိလိုက်ဘူးလား,ဘယ်လိုဖြစ်ပြီး......"
သိုက်ယွဲ့က ညီလာခံဝတ်ရုံကိုကူချွတ်ပေးတယ်

ရှီရှန်း ကသူမရဲ့ခေါင်းစောင်းကိုချွတ်ပြီးတော့, သိုက်ယွဲ့ကိုမချို့မချင်ပြုံးပြတယ်
"ငါ့ရဲ့ ငြိမ်းချမ်းတဲ့ဘဝကသူတို့အပေါ်မှာမူတည်နေတယ်လေ...."

"ဟမ်"
'သူမဘာတွေပြောနေတာလဲ'

ရှီရှန်းက ဧကရီကိုစာတစ်စောင်ပို့လိုက်တယ် စာမှာပါတဲ့အကြောင်းအရာမှာ, သူမနေမကောင်းတာကြောင့်ပြန်ကောင်းဖို့အချိန်ယူမယ်လို့ပြောထားပြီး တစ်ခုခုအရေးကြီးတာများရှိခဲ့ရင်သူမအိမ်တော်ကိုလူလွှတ်ပြီးအကြောင်းကြားဖို့မှာထားတယ်

အကျဉ်းချုပ်အရဆိုရင်

'သူမရုံးကိစ္စတွေထပ်ဆောင်ရွက်တော့မှာမဟုတ်လို့ထပ်ပြီးသူမအချိန်တွေကိုလာမဖြုန်းဖို့နဲ့, သူမအာဏာကိုလညအဆုံးရှုံးခံမှာမဟုတ်ဘူးလိုပြောထားတာပဲ'

ဧကရီကသူမရဲ့အမတ်ချုပ်ကြီးဘာတွေကြံစည်နေမှန်းစဉ်းစားလို့ကိုမရဘူး အဲ့ဒါကြောင့်အရင်ဆုံးသူမကိုအနားယူခွင့်ပေးလိုက်ပြီးသူမရဲ့သူလျှိုခုနှစ်ယောက်ကို
တွေကိုဘာတွေဖြစ်
နေတာလဲဆိုတာစုံစမ်းခိုင်းတယ်

သူလျှို ခုနှစ်ယောက်ကရှီရှန်းကိုတွေ့ကိုမတွေ့ရဘူး

"သိုက်ယွဲ့,သူတို့တွေဘာလုပ်နေကြလဲ"
ရှီရှန်း ကသေရည်အိုးကိုကိုင်ပြီးဘေးနားမှာခစားနေတဲ့သူကိုမေးလိုက်တယ်

"ကျွန်မသူတို့ကိုစောင့်ကြည့်ဖို့အတွက်လူတွေလွှတ်ထားပေမယ့်ဘာသတင်းမှမကြားရဘူး"

ရှီရှန်း ကသေရည်အိုးကိုချပြီးတော့နှုတ်ခမ်းကိုသုတ်လိုက်တယ်
"သွားကြည့်ရအောင်"

သိုက်ယွဲ့ "!!!!"
'မဖြစ်ဘူး, အမတ်ချုပ်အဲ့ကိုသွားလို့မဖြစ်ဘူး'

ရင်းယွဲ့ကသူတို့ကိုခြံဝန်းအကျယ်ကြီးထဲမှာထည့်ထားတယ် သူတို့ရဲ့နေစဉ်အလုပ်တွေကသာမန်လူတွေလိုပဲ စားတယ် သောက်တယ် အိပ်တယ် သူတို့ကတကယ်တော့အတော်အသုံးမကျတဲ့ဆန်ကုန်မြေလေးတွေ
ဖစ်နေတယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now