Unicode
လွီရော့ က ချဲ့ကားပြီး အသေးစိတ်အချက်အလက်တွေ ထပ်မထည့်ပဲ ဖြစ်ပျက်ခဲ့တာတွေကို အမှန်အတိုင်း ပြန်ပြောပြခဲ့သည်။
မင်းသားငယ်ကို ပြန်ခေါ်လာစဥ်တွင် ရှီရှန်းမှလွဲ၍ အခြားမည်သူနှင့်မျှမတွေ့ခဲ့ကြပေ။ မင်းသားလေးသည် ကျောင်းတွင် ဘာမှမစားရသေးဘဲ ပြန်လာခဲ့ပြီး အဆိပ်လက္ခဏာများ မပြခင်လည်း ဘာမှထပ်မစားခဲ့ပေ။
"ကျွမ့်ချုံ မင်း ဘာပြောစရာရှိသေးလဲ"
ယွီ၀မ်ရှင်းသည် သူမကို ပြာအဖြစ်ချက်ချင်းမီးမြှိုက်ပစ်လိုသည့်အတိုင်း ရှီရှန်းကို စစ်ဆေးမေးမြန်းလိုက်သည်။
ကိစ္စအမှန် မည်သို့ပင်ပေါ်ပေါက်လာစေကာမူ ယွီ၀မ်ရှင်းသည် ဤကိစ္စကို သူမအတွက် အခက်အခဲဖြစ်စေရန် အခွင့်အရေးတစ်ခုအဖြစ် အသုံးချသွားမည်ဖြစ်ကြောင်း ရှီရှန်း သိသည်။
'ကြည့်ရတာ ခုကစပြီး ဓါးနဲ့ခုတ်သင့်ပုံပဲငါ့ဓား ဘယ်မှာလဲ'
"အရှင်မင်းကြီး"
တစ်စုံတစ်ယောက် အခန်းအပြင်ဘက်မှ ပြေးဝင်လာကာ ယွီ၀မ်ရှင်း၏ ရှေ့တွင် ဒူးထောက်လိုက်သည်။
"ဒါကို ယွင်ကျဲယွီ ရဲ့ နန်းဆောင်မှာ တွေ့ခဲ့ပါတယ်"
ထိုလူသည် သူ့လက်ထဲတွင် ကြွေပုလင်းနှစ်လုံးကို ကိုင်ထားပြီး ၎င်းတို့က တံဆိပ်တွေတောင် ကပ်ထားကြသည်။
"မင်းတို့ သေချာပြင်ဆင်ထားတာ သေချာတယ်"
ရှီရှန်း က ယွီ၀မ်ရှင်း ထပ် တုန့်ပြန်တာ ပိုမြန်သည်။
"မင်းတို့မိသားစုတစ်ခုလုံးကို ငါသတ်လိုက်မိလို့လား"
"ကျွမ့်ချုံ မင်းဘာတွေ မိုက်မဲနေသေးတာလဲ"
ယွီ၀မ်ရှင်းသည် ပုလင်းများကို ရှီရှန်းဆီသို့ ဒေါသတကြီး လွှင့်ပစ်လိုက်သည်။
"ကိုယ့်ဘာသာကြည့်! အခု ဘာပြောစရာလိုသေးလဲ ဒါတွေကို မင်းရဲ့အိပ်ခန်းထဲမှာ ရှာတွေ့ခဲ့တာပဲ ကျင့်အာကို အဆိပ်ခတ်ခဲ့တာကို ငြင်းချင်သေးတာလား"
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....