Arc 15.1

3.6K 280 11
                                    

Unicode

ရှီရှန်းနဲ့ချင်ကောတို့ရဲ့ နေမဝင်နေ့ရက်တွေက အ​တော်​လေးပျင်းရိဖွယ်ရာပဲ။
ချင်ကောက ပါမောက္ခအဖြစ် ပြန်လည်တာဝန်ထမ်းဆောင်ခဲ့သလို ရှီရှန်းကိုလည်း အတန်းထဲမှာထိုင်ပြီး သူစာသင်တာနားထောင်ဖို့ တိုက်တွန်းခဲ့တယ်။ သူကတော့ အသက်ငယ်တုန်းမှာ တစ်ခုခုဖြစ်မြောက်အောင် ကြိုးစားစေချင်ခဲ့တာ။ ဒါပေမဲ့ ရှီရှန်းကလည်း သူမရဲ့အသက်အရွယ်ကြောင့် မုန်လာဥလေးတွေနဲ့အတူတူ စာမသင်ချင်ခဲ့ဘူး။ အဲ့တာကြောင့် အပြတ်ငြင်းဆန်ခဲ့တယ်။

“ပါမောက္ခကို သတင်းပို့ပါတယ်.. ဆရာ့ရဲ့ဇနီး အတန်းပြေးပြန်ပြီ..!”
ဒီစကားကို ချင်ကောတစ်ယောက် အမြဲတမ်းလိုလို ပြန်ကြားခဲ့ရတယ်။
‘အရင်တုန်းကလည်း ဒီလိုပဲ၊ သူစာသင်ရင် နားမထောင်ဘူး..! စာသင်တာကို နားထောင်ပေးရတာ အဲ့လောက်ခက်လို့လား..?’

ချင်ကောက နှလုံးရောဂါကြောင့် ကွယ်လွန်သွားခဲ့ရတယ်။
ချင်ကောတစ်ယောက် သူ့ရဲ့အတန်းမှာစာသင်နေရင်း Heart Attack ကြောင့် သတိလစ်သွားခဲ့တယ်။ ရှီရှန်းက ချင်ကောကို သုံးရက်နဲ့သုံးညတိုင် ပြုစုပေးခဲ့ပေမယ့် သတိပြန်လည်မလာတော့ဘူး။

“ချူးချူး..”
သေလုမျောပါးအချိန်မှာ ချင်ကောက ရှီရှန်းရဲ့နာမည်ကို ရေရွတ်နေခဲ့တယ်။ ရှီရှန်းက သူ့ရဲ့လက်ကိုဆုပ်ကိုင်လိုက်ပြီး..
“ကျွန်မနာမည်က ရှီရှန်း.. ‘အချိန်’ဆိုတဲ့ ‘ရှီ’ ပြီးတော့ ‘တေးဂီတ’ဆိုတဲ့ ‘ရှန်း’..”

“ရှီ… ရှန်း..?”
ချင်ကောရဲ့မျက်ဝန်းတွေက တွေဝေရှုပ်ထွေးမှုအပြည့်။ ဒီနာမည်ကို တစ်နေရာမှာ ကြားဖူးနေသလိုပဲ။ ‘ရှီ….”

ချင်ကောက ရှီရှန်းရဲ့လက်ကို ရုတ်တရက်ဖမ်းဆွဲလိုက်တယ်။ တစ်စုံတစ်ရာကိုပြောဖို့ ကြိုးစားခဲ့ပေမယ့် အသံမထွက်ခဲ့ဘူး။ ချင်ကောရဲ့မျက်ဝန်းတွေ မှိတ်ကျသွားတဲ့အချိန်အထိ ရှီရှန်းက အနားမှာရှိနေပေးခဲ့တယ်။ ချင်ကောသေဆုံးသွားတဲ့အချိန်မှာ သူမလည်း သက်ပြင်းရှိုက်လိုက်ပြီး..
‘နောက်ကမ္ဘာမှာ တွေ့ကြတာပေါ့..’
………………………

Space ထဲပြန်ရောက်တော့ ရှီရှန်းလည်း သူမရဲ့ဓားကို ဆင့်ခေါ်လိုက်တယ်။ ဓားရဲ့ပုံစံက အရင်အတိုင်းပဲဆိုပေမယ့် အရောင်စုံတောက်ပနေတာတော့ ပျောက်ကွယ်သွားခဲ့ပြီ။ ဒါပေမဲ့ အရင်ကထက် ပိုပြီးထက်ရှလာသလိုပဲ။
တခြားဓားတွေက အဆင့်တက်လေ သူတို့ရဲ့အသွင်အပြင်က ပိုပြီးရိုးရှင်းလာလေဆိုပေမယ့် သူမရဲ့ဓားကတော့ လုံးဝဆန့်ကျင်ဘက်။ ပိုကြည့်လို့ကောင်းလာသလို အရင်ကထက် ခြိမ်းခြောက်နိုင်စွမ်း ကြီးမားလာခဲ့တယ်။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now