Unicode
ဒီနေ့မှာတော့ ရှီရှန်းက ယွိကျိုကို ကျောင်းအပြန်မှာ မတွေ့မိဘူး သူမဂိတ်ပေါက်ဝမှာ ခနအကြာစောင့်နေပြီးတော့ ကိုယ့်ဘာသာပဲအိမ်ပြန်တော့မယ်လို့ လုပ်နေတဲ့အချိန်မှာ ရွှေအိုရောင်ဆံပင်ရှိတဲ့ သူတစ်ယောက်က သူမလမ်းကိုလာပိတ်တယ်
ရှီရှန်းက သူ့ကိုမှတ်မိတယ် သူက ပွဲတက်တုန်းက ယွိကျိုကိုစကားလာပြောတဲ့ နိုင်ငံခြားသားပဲ
"မစ္စရှန်း, ကျွန်တော်ခင်ဗျားကို စကားပြောချင်လို့ ရမလား"
သူက တရုတ်လိုမပီတပီနဲ့ပြောပြန်တယ်
"ဘာအကြောင်းလဲ"
နိုင်ငံခြားသားက ဘေးဘီကိုတစ်ချက်စစ်ကြည့်တယ် သူ့ပုံစံက အများအမြင်ကိုတော်တော်ဆွဲဆောင်နိုင်တဲ့ပုံပဲ
ပြီးတော့ ရှီရှန်းကိုယ်တိုင်ကလည်း နာမ်မည်ဆိုးနဲ့( ကျောင်းကရှိသမျှကောင်လေးတွေနဲ့ချိန်းတွေ့လို့) ကျော်ကြားတာကြောင့် လူတိုင်းက သူ့ကိုအာရုံစိုက်နေကြတယ်
"မစ္စရှန်း, ကျွန်တော်တို့ အခြားလူနည်းတဲ့နေရာမှာပဲပြောကြမလား"
ရှီရှန်းက သူ့ကိုတစ်ချက်ကြည့်လိုက်တယ်
"ကျွန်တော့်မှာ မကောင်းတဲ့အကြံမရှိပါဘူးဗျာ"
နိုင်ငံခြားသားက လက်သုံးချောင်း
ထောင်ပြတယ်
ရှီရှန်းက ပြုံးသွားတယ်
"အဲ့အချိန်တုန်းက ရဲခေါ်ခဲ့တာ
ငါဆိုရင်ရော နင့်မှာ မကောင်းတဲ့ရည်ရွယ်ချက်မရှိနိုင်သေးဘူးဆိုတာ သေချာလား"
ရှီရှန်းက နိုင်ငံခြားသားကို ကျောင်းတွင်းလူနည်းလောက်တဲ့နေရာကို ခေါ်သွားတယ်
"ဘာတုန်း"
နိုင်ငံခြားသားကဘေးဘီကိုအကဲခတ်ပြီးပြန်ပြောတယ်
"ဒီလိုရှိပါတယ် မစ္စရှန်း, ဆရာယွိက ကျွန်တော်တို့ရဲ့ ပစ္စည်းတွေကို သူ့ဘဏ္ဍာအဖြစ်နဲ့သိမ်းသွားပါတယ် ဒါပေမဲ့အဲ့ပစ္စည်းတွေက ကျွန်တော်တို့ဟာတွေမဟုတ်ဘူး ကျွန်တော်တို့ကခနလက်ခံထားပေးရုံပါပဲ
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....