Unicode
"မင်းကြီး!..မင်းကြီး!..အမတ်ချုပ်ရောက်နေပါတယ်.." အပြင်ဘက်က အသံကြောင့် နဂါးအိပ်ရာပေါ်မှာ လုံးထွေးနေတဲ့ လူနှစ်ယောက်က စိတ်အနှောင့်အယှက်ဖြစ်သွားကြတယ်
"မင်းကြီး.." သူမအောက်က အမျိုးသားက ညည်းလိုက်တယ်
သူ့ရဲ့ညည်းသံကြောင့် ဧကရီက ပိုလို့တောင် စိတ်အားထက်သန်လာတယ် အသက် ၄၀ကျော်၅၀အရွယ်အမျိုးသမီးတွေက ကျားတစ်ကောင်လို ရမ္မက်ကြီးကြတယ်လို့ ပြောကြတယ်..ဧကရီက ကျားတစ်ကောင် အရွယ်ကိုရောက်နေပြီဖြစ်လို့ အိပ်ရာကိစ္စကို လွယ်လွယ်နဲ့ လက်မလျှော့လိုဘူး..သူမက စိတ်အနှောင့်အယှက်ဖြစ်စွာအော်လိုက်တယ် "သူ့ကို စောင့်ခိုင်းလိုက်.." ဒီလိုအချိန်မှာ အမတ်ချုပ်မကလို့ မိုးနတ်မင်းရောက်လာလည်း ထွက်မတွေ့နိုင်သေးဘူး..
နဂါးအိပ်ရာပေါ်မှာ လူနှစ်ယောက်က သူတို့ခရီးကို ဆက်နေကြတယ်
"အမတ်ချုပ်ကြီး!..ဝင်သွားလို့မဖြစ်ပါဘူး!..အား!"
"အမြန်..အမတ်ချုပ်ကြီးကို တားကြစမ်း..."
ဧကရီက သူမရဲ့ နဂါးဝတ်ရုံကို ဒေါသတကြီး ဆွဲခြုံပြီး အိပ်ရာပေါ်ကနေထလိုက်တယ်
ရှီရှန်းက သူမကို လာတားတဲ့သူမှန်သမျှကို အသာလေး ဖြေရှင်းခဲ့ပြီး အိပ်ဆောင်တော်ထဲကို ဝင်လာခဲ့တယ်
"အား!..." ရှီရှန်းဝင်လာတာနဲ့ အခန်းထဲက အစေခံတွေက ကမ္ဘာပျက်သလို အော်ကြတော့တယ် အခန်းထဲမှာ ထူးဆန်းတဲ့ အနံ့ပြင်းပြင်းလွှမ်းခြုံနေပြီး ရှီရှန်းက ကိုယ့်မျက်လုံးကိုယ်ဖောက်ထုတ်ပစ်ချင်စိတ်ပေါ်သွားတယ်
အနံ့တွေက အိပ်ရာပေါ်မှာ အဝတ်တွေ မလုံ့တလုံဖြစ်နေတဲ့ အမျိုးသားဆီကနေ လာနေတာဖြစ်တယ်
'စိတ်ပျက်လိုက်တာ..တစ်မိသားစုလုံး တဏှာရူးတွေစုနေကြတာပဲ..'
"အမတ်ချုပ်ကြီး.." ဧကရီက အံကြိတ်ပြီး အော်တော့တယ် "အမတ်ချုပ်ကြီးမျက်လုံးထဲမှာ ကျန်းကို ဒီနိုင်ငံရဲ့ ဧကရီလို့တောင် ထင်သေးရဲ့လား..ကျန်းရဲ့အိပ်ဆောင်ထဲထိတောင် ဝင်လာရဲတဲ့အထိ အတင့်ရဲနေတယ်လား.."
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....