Arc 15.11

747 85 0
                                    

Unicode

သံဓားက ရှီရှန်း တစ်ယောက်တည်းအတွက် ချည်နှောင်ထားခြင်းမျိုး မရှိတာ​ကြောင့် သုံးနှစ်သားလေးပင်လျှင် ၎င်းကို ကိုင်ဆောင်နိုင်မည်ဖြစ်သည်။  သို့ပေမယ့် ရှီရှန်းအတွက်တော့ သူမ၏ဓါးကို လုယူရဲမည့် လူအ​ရေအတွက်က လက်ချိုး၍ပင်​ရေယူရ​ပေလိမ့်မည်။

သေချာတာက​တော့ အခြားသူ​တွေ ဓားကို ပိုင်ဆိုင်ခဲ့မယ်ဆိုရင်တောင် အသုံးမဝင်တော့​ပေ။  ရှီရှန်းမှလွဲ၍ အခြားလူတိုင်းက ၎င်းကို မုန်လာဥနီ လှီးရန် သို့မဟုတ် အာလူးအခွံခွာရန်သာ အသုံးပြုနိုင်ကြ​ပေလိမ့်မည်။ဓါး၏ စစ်မှန်သော စွမ်းအားကို မည်သူမျှ အသုံးချ၍မရပေ။

သာမာန်လူတွေအတွက်တော့ ဒါဟာ သံဓားတစ်လက်ပဲ​လေ။

သံဓား"…" 
'နင့်​မေကြီး​တော်ကို  သံဓားတစ်လက်! လီးပဲ​နော်'

ရှီရှန်းသည် သူမ၏ဓားကိုချက်ချင်းပြန်မလုယူခဲ့ပေ။

  'ငါ​လေးရဲ့ဓားကိုများ ယူသွားရဲတယ်လား ဒီဘိုး​ဘေးလေးက ဘယ်လိုဇိမ်ခံတတ်လည်း ​စောင့်ကြည့်လိုက်ကြရအောင်'

မင်ကျင့်သည် ဓားရှည်ကို ကိုင်လျက် ထွက်လာခဲ့ပြီး သူ့တပည့်က ချက်ချင်းဆိုသလိုဓားကို စူးစမ်းချင်စိတ်နဲ့ ချဉ်းကပ်သွားသည်။  "ဆရာ၊ ဒီဓား…"

'ဘယ်ကရလာတာလဲ နန်းတော်ထဲမှာ ဓားကိုင်ထားတာ​တွေ့ရင် မင်းအဖမ်းခံရလိမ့်မယ်'

မင်ကျင့်က ဓားကိုအဝတ်ဖြင့် အုပ်ပြီး ထွက်ပေါက်ဆီသို့ ​အေး​အေးလူလူ လျှောက်သွားခဲ့သည်။

......

စိတ်အ​ခြေအ​နေသိပ်မ​ကောင်းတာကြောင့် ရှီရှန်းက ကျောက်စိမ်းမျှော်စင်က​နေ ထောင်ချင်းကို​ခေါ်ပြီး ထွက်လာခဲ့သည်။

အနောက်မှာရှိတဲ့ ကွေ့ကောက်နေတဲ့လမ်းကနေ ရုတ်တရက် ထွက်လာတဲ့ ခြေသံတွေကို ကြားလိုက်ချိန်မှာပဲ သူမတို့နှစ်ယောက်အတွက်ပုန်းစရာနေရာမရှိ​ပေ။

ရှီရှန်းက သူမနေရာ၌ မလှုပ်မယှက်ဖြစ်နေပြီး ထောင်ချင်းကလည်း ကြောက်ရွံ့နေ​ပေမယ့် ထွက်မပြေးဝံ့ပေ။  ​ဘယ်လမ်းကို​ပြေးပြေး အဖမ်းခံရနိုင်သေးသည်။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now