Unicode
ရှန်ရှင်းယန်က က ရှီရှန်းကို ဒီနေ့ပွဲတွေပြီးသွားရင်ထမင်းစားဖို့ဖိတ်မယ်လို့ပြောခဲ့တယ်။
သူမကတော့ စိတ်ပျက်လက်ပျက်နဲ့ ကောင်းကင်ကိုမော့ကြည့်ရုံသာတတ်နိုင်တယ် 'ရှန့်ရှင်းဟိုင်ကို သူ့ရှေ့မှာသတ်ပြမှပဲ ဒီကောင်လည်း ငါပြောတာကို ယုံတော့မှာပဲ ဒါပေမယ့်သူကဒီမှာမဟုတ်ဘူး'သဘာ၀ကျစွာပဲ ရှန့်ရှင်းယန်လို အလုပ်များသူက ရှီရှန်းနဲ့ အကြာကြီး ဘယ်စကားပြောနိုင်ပါ့မလဲ မကြာခင်သူ့နေရာကို သူပြန်သွားထိုင်တယ်
ဒါပေမယ့်အခြားသူတွေကဒီလိုမတွေးခဲ့ဘူး
သူမနဲ့ ရှန့်ရှင်းဟိုင်ကြားမှာ တစ်ခုခုဖြစ်ပျက်နေတယ် ဆိုတဲ့ ကောလဟာလများရှိနေပြီဖြစ်တယ် အခု ရှီရှန်းက သူ့အစ်ကိုကြီးနဲ့ ပျော်ရွှင်စွာစကားပြောနေတာကို မြင်ရတယ်ဆိုတာက ကောလဟာလတွေကို ရိုးရှင်းစွာအတည်ပြုလိုက်တာပဲမဟုတ်လားရှီရှန်းက တကယ့် ပြိုင်ပွဲထက်တောင် ပိုပြီး အာရုံစိုက်ခံနေရတယ်
ရှီရှန်းက ဒီလူတွေကို အတော်လေး လက်လန်သွားတယ် သူမက မှားယွင်းတဲ့ကမ္ဘာ (သို့မဟုတ်) ၀တ္ထုတစ်ပုဒ်ထဲကို ၀င်လာမိသလို ခံစားနေရသည်။ 'ဒါက သိုင်း၀တ္ထုလေ..မင်းတို့က ဘာဖြစ်လို့ အချစ်ဟာသဇာတ်လမ်းတိုထဲက လူတွေကို သရုပ်ဆောင်နေကြတာလဲ ဒါက ဟာသဆန်ဆတ်ဖန်တီးထားတဲ့ side storyလို့တော့ ငါ့ကိုမပြောနဲ့'
[ဤကမ္ဘာက ဝတ္ထုရှည်တွေအများကြီးအတွက် တည်ဆောက်ထားတဲ့ universeဖြစ်ပြီး ရှန့်ရှင်းဟိုင်က နောက်၀တ္ထုတစ်ပုဒ်ရဲ့ အမျိုးသားဇာတ်ဆောင် ဖြစ်တယ် သူ့၀တ္ထုကလည်း အချစ်၀တ္ထုဖြစ်တာကြောင့် ဒီကမ္ဘာမှာ ပျက်စီးနေတဲ့ ဇာတ်ကောင်တွေမရှိဘူး] systemက သေသေချာချာ ရှင်းပြလိုက်တယ်
ရှီရှန်း "... "
'ရှန့်ရှင်းဟိုင်က သေတွင်းထဲကနေလွတ်လာတာ မဆန်းတော့ပါဘူး စောက်ကျိုးနဲ system ၊ နင် bug တွေကို ဖြေရှင်းတဲ့နေရာမှာ တကယ်ပိုတော်လာတယ်မဟုတ်လား
[ချီးကျူးမှုအတွက်ကျေးဇူးတင်ပါတယ်။ ]
** စားပွဲလှန်* မင်းကိုဘယ်သူချီးကျူးလဲ
မင်းရဲ့hostကတော့ မျက်နှာပျက်နေရပြီ
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....