Unicode
ယွိကျိုက နိုင်ငံခြားမှာ ပညာသင်ယူနေဆဲဖြစ်တာကြောင့် စိတ်အားထက်သန်စွာနဲ့ပဲ ရှီရှန်းက သူ့ကိုလေဆိပ်ဆီ လိုက်ပို့တယ်
'ဒီအရူးကြီး နောက်ဆုံးတော့ထွက်သွားပြီ, ကံကောင်းစွာနဲ့ပဲ ငါ့မှာသူ့နောက်ကို လိုက်ဖို့အတွက် ကွင်းဆက်မစ်ရှင် တွေမရှိလာဘူး'
"ညီမလေး, အကို့ကို ဒီလောက်တောင် နှင်လွှတ်ချင်နေတာလား"
ယွိကျိုက သူ့အထုပ်အပိုးတွေကိုဆွဲလိုက်ပြီး ရှီရှန်းကိုကြည့်လိုက်တယ်'အစိမ်းရောင် ဇီးပန်းလေးက ငါ့ကိုအဲ့လောက်ကြိုက်ပုံလည်းမပေါ်ဘူး'
"ဒါပေါ့, အဲ့တာကြောင့် မြန်မြန်ကြွပါတော့"
ရှီရှန်းက သူ့ကို လက်ဝှေ့ပြတယ် သူမဒီကို လိုက်လာတာက သူအတည်ထွက်သွားလားမထွက်သွားလား အတည်ပြုချင်ရုံပဲ"မင်းကိုယ့်ကို စိတ်ဒဏ်ရာရအောင်လုပ်တယ်နော်"
ယွိကျိုက သူမခေါင်းကိုပွတ်ပေးချင်ပေမယ့် ရှီရှန်းကနောက်ကို ဆုတ်လိုက်တယ်သူ့လက်က လေထဲမှာတန့်သွားပြီး ဘာမှမဖြစ်သလို မြန်မြန်ချလိုက်တယ်
"အပျော်မစောပါနဲ့အုံး, အကိုမကြာခင်ပြန်လာမှာ"'ဇီးပန်းစိမ်းလေးက အရမ်းကို ချစ်ဖို့ကောင်းတာကိုး... ငါမြန်မြန်ပြန်လာရမယ်'
"လိမ်လိမ်မာမာနဲ့ အကိုပြန်လာတာကို စောင့်နေနော်"
ယွိကျိုက လက်ဝှေ့ယမ်းပြတယ်
"မကြာခင် ပြန်လာခဲ့မယ်"ရှီရှန်း "....."
'အရူးကောင်'
ယွိကျိုထွက်သွားပြီးနောက်
ရှီရှန်းသည် သူမအတွက် ပိုမိုအသက်ရှူရလွယ်ကူလာတယ်လို့ ခံစားလိုက်ရပြီး၊ နောက်ဆုံးတွင် သူမအမြဲရှိနေသည့်နေရာ၌ သူမကိုမေးခွန်းထုတ်ရ န် သို့မဟုတ်သူမအားအခြားစကားတစ်ခွန်းနဲ့ လှောင်ပြောင်ရန် ကြံရွယ်နေတဲ့သူမရှိတော့ဘူးလို့ သိလိုက်တယ်........
ကျောင်းတွေပြန်ဖွင့်လာပြီ
ဒီနှစ်က သူတို့ရဲ့စီနီယာတန်းကို မရောက်မီနောက်ဆုံးနှစ်ပဲကျောင်းပြန်ဖွင့်တဲ့နေ့မှာ စာမေးပွဲဖြေဖို့တော့ ရှီရှန်းဝါသနာမပါမိဘူး
'ငါ့ကို အနုနည်းနဲ့သတ်နေတာလား'
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....