Unicode
ရှီရှန်းက နတ်ဆိုးဂိုဏ်း ဘယ်လောက်ထိဆင်းရဲကြောင်းကို အခုမှသာ သိတော့တယ်
နတ်ဆိုးဂိုဏ်းက သူ့တို့ကိုယ်သူတို့ ထောက်ပံ့ဖို့ကို အနိုင်နိုင်စီမံနေခဲ့ရတာပဲ'ကမ္ဘာတစ်ဝှမ်းလုံးမှာစီးပွားရေးလုပ်ငန်းတွေရှိနေပြီး နိုင်ငံတစ်နိုင်ငံထူထောင်ရလောက်အောင် ချမ်းသာနေတဲ့နတ်ဆိုးဂိုဏ်းကဘာဖြစ်သွားတာလဲ ??? ဒီလောက် အခြေအနေဆိုးတဲ့နတ်ဆိုးဂိုဏ်းကိုမြင်ရတာ ဒါ ငါ့အတွက် ပထမဆုံးအကြိမ်ပဲ ငါ့ရဲ့ကြိုးစားမှုကဘာလဲ။ ဂိုဏ်းကိုပြုပြင်ပြောင်းလဲဖို့လား။ စောက်ချီး!!!! ဒီမှာပြောင်းလဲနိုင်စရာတောင်ရှိသေးရဲ့လား! '
လက်၀ဲကိုယ်ရံတော် ထင်ဖုန်းက သူမကို ဒီလိုပြောခဲ့တယ်
"ဂိုဏ်းချုပ် ငါတို့ဂိုဏ်းမှာ ဘယ်သူမှစာတတ်မြောက်မှုမရှိကြတာကို မင်းနားလည်ရမယ် စီးပွားရေးတစ်ခုလုပ်တာထက် လူတွေကိုသတ်ဖို့က ငါတို့အတွက်ပိုလွယ်လိမ့်မယ်"ဒီအချိန်မှာ လက်ယာကိုယ်ရံတော် ကုယွီကသူမကို ဒီလိုပြောခဲ့တယ်။
"ငွေတဲ့လား? ဖီ!!! သိက္ခာကျတယ်!"
'* စားပွဲလှန်လိုက်* အဲ့ဒီ သိက္ခာကျမယ့် အရာမရှိရင် မင်းဘယ်လိုရှင်သန်မလဲ!'
"တောင်အောင်ဆင်းတဲ့အခါ ငါ့နောက်လိုက်ဖို့လူနည်းနည်းလောက်ရှာထား " ရှီရှန်းကဒေါသတကြီးမျက်နှာလွှဲလိုက်တယ်
"နည်းနည်းပပါး လေးနက်မှုရှိမယ့်သူတွေရွေးထား"နတ်ဆိုးဂိုဏ်းရဲ့ ကိုယ်ရံတော်၂ယောက်အနက် ထင်ဖုန်းက ဂိုဏ်းရဲ့ ကိစ္စကြီးငယ်အားလုံးကို ကိုင်တွယ်ရသူဖြစ်တယ် သူက ဂိုဏ်းသားတွေရဲ့ နေ့စဉ်လိုအပ်ချက်တွေ အတွက် တာဝန်ယူရတယ်
ကုယွီ မှာ ဘာတာဝန်ရှိလဲ
ရှီရှန်းမြင်သမျှတော့ ကုယွီက သူတို့အရင်ဂိုဏ်းချုပ်ရဲ့သက်ကယ် တဲခေါင်မိုးပေါ်မှာရပ်နေတာပဲ။ အခြားဂိုဏ်းသားတွေရဲ့အဆိုအရတော့ သူက'သဘာဝစွမ်းအားတွေကိုစုပ်ယူနေတာ''မင်းက သဘာ၀လွန်စိတ်ဝိညာဉ်တစ်ခုအဖြစ်ပြောင်းလဲချင်တာလား။ မင်းရဲ့ အရင်ဂိုဏ်းချုပ်ဟောင်းက မင်းဘယ်လောက်ထိ ရူးနေမှန်း သိရဲ့လား။ '
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....