Arc 11.7

3.8K 547 0
                                    

Unicode

သိုက်ယွဲ့နဲ့ ရင်းယွဲ့က ရှီရှန်း တကယ်ကြီး ဝမ်ယွမ်တောင်ပေါ်က လူတစ်ယောက်ကို ပင့်လာနိုင်တာကို မြင်တော့ ဝမ်းမြောက်ဝမ်းသာဖြစ်သွားကြတယ်

'ကောင်းလိုက်တာ...ဒီတစ်ခါတော့ မင်းကြီးလည်း ပြဿနာရှာလို့ မရတော့ဘူး..'

ဒါပေမယ့် ရှီရှန်းခေါ်လာတဲ့ အမျိုးသားကို သေသေချာချာတွေ့ရပြီးတဲ့နောက်မှာတော့ ....

'အမတ်ချုပ်..တွေ့ကရာလူကို ခေါ်လာတာတော့ မဟုတ်ပါဘူးနော်..ဘာလို့ သူက ငယ်ငယ်လေးဖြစ်နေရတာလဲ...'

"သူတော်စင် ထျန်းရွှီက ဘယ်မှာလဲ..အမတ်ချုပ်..တွေ့ကရာလူကို ခေါ်လာလို့မဖြစ်ဖူးလေ.."

'ဒီသူတော်စင်လေးက တော်တော်လေးချောမောတယ်ဆိုပေမယ့် ဒီကိစ္စက ရုပ်ရည်နဲ့ ဆုံးဖြတ်လို့ရတာမျိုး မဟုတ်ဖူးလေ..'

"ဘာထျန်းရွှီလဲ...မတွေ့ခဲ့ဘူး..တောင်ပေါ်က ကျောင်းဆောင်တစ်ခုလုံးမှာ လူနှစ်ယောက်ပဲ ရှိတာ.."

'တစ်ယောက်က အသက်မပြည့်သေးတဲ့ ကလေးဖြစ်ပြီး ကျန်တဲ့ တစ်ယောက်ကလည်း ...အင်း..အသက်မပြည့်သေးတဲ့ ပုံပါပဲ..'

သိုက်ယွဲ့နဲ့ ရင်းယွဲ့ "......"

"ဆရာက အပြင်လောကမှာ လှည့်လည်သွားလာနေလို့ အခုချိန်မှာ ကျွန်တော်က ဝမ်ယွမ်တောင်ရဲ့ကိစ္စအဝဝကိုဆုံးဖြတ်ရတဲ့ အကြီးအကဲ ဖြစ်ပါတယ်..တကယ်လို့ မိန်းကလေးနှစ်ယောက်က ကျွန်တော့်ရဲ့အစွမ်းအစကို မယုံကြည်ဘူးဆိုရင်လည်း ကျွန်တော် တောင်ပေါ်ကို လှည့်ပြန်လိုက်ပါတော့မယ်.."

သိုက်ယွဲ့နဲ့ ရင်းယွဲ့က အကြည့်ချင်း ဖလှယ်လိုက်ကြပြီးတဲ့ နောက်မှာ လင်းယွဲ့ကို ခါးညွတ်ပြီး လေးလေးနက်နက် အရိုအသေပေးလိုက်ကြတယ် "ဆရာသခင်..ကျေးဇူးပြုပြီး အမျက်မထွက်ပါနဲ့..ကျွန်မတို့ မရိုမသေပြုမိသွားပါတယ်..ဆရာသခင်က သူတော်စင် ထျန်းရွှီရဲ့ တပည့်ဆိုမှတော့ သေချာပေါက် အစွမ်းအစရှိမှာပါ.."

ဒီလူကို သူတို့ရဲ့ သခင်မက ခက်ခက်ခဲခဲ ပင့်ဆောင်လာခဲ့ရတာ ဖြစ်လို့ ဆက်ပြီး အခက်တွေ့အောင်လုပ်နေဖို့ မသင့်တော့ဘူး..အနည်းဆုံးတော့ လက်ဗလာနဲ့ အရှုံးပေးပြီး ပြန်လာခဲ့ရတဲ့ အရင်လူတွေထပ်တော့ တော်ပါသေးတယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Nơi câu chuyện tồn tại. Hãy khám phá bây giờ