Unicode
မြို့နံရံပေါ်မှာတော့ ရှီရှန်းက လူတွေအများကြီးခေါ်လာပြီး အမြှောက်တွေ စီစဉ်ခိုင်းနေတယ်
အဝါရောင်အင်းစာရွက်တွေပေါ်မှာ ခရမ်းရောင်အလုံးလေးတွေကို တွဲချည်ပြီးတော့ သူ့လူတွေကိုလှမ်းခေါ်လိုက်တယ်
"အဆင်သင့်ဖြစ်ပြီမလား"
ရှီရှန်းက သူမနောက်မှာရပ်နေတဲ့ သိုက်ယွဲ့ကိုလှည့်ပြီးမေးတယ်သိုက်ယွဲ့က ချက်ချင်းခေါင်းညိတ်ပြတယ်
"အကုန်အဆင်သင့်ပဲ"ရှီရှန်းက ခရမ်းရောင်အလုံးလေးတွေကို လူတွေအများကြီးလက်ထဲထည့်ပေးလိုက်တယ်
"ငါအမိန့်ပေးတာနဲ့ အဲဒီအလုံးလေးတွေနဲ့ ပစ်ပေါက်ကြဟုတ်ပြီလား ပေါက်ကွဲမှုရပ်တန့်သွားတဲ့အထိ စောင့်ပြီးတော့မှ ဝင်စီးမယ် ကြားကြလား!""ဟုတ်ကဲ့"
"သွားပြင်ဆင်တော့"
သူတို့အဲဒီဟာလေးတွေကို ကိုင်ထားပြီးအမြှောက်တွေ ရှေ့မှာစောင့်နေကြတယ် လက်တွေလည်းချွေးပြန်နေတယ်
သူတို့တစ်ခါမှ ဒီလိုအမြောက်တြွေမင်ဖူးတာမဟုတ်ဘူး ရန်သူရဲ့ စခန်းကို တန်းတန်းမတ်မတ် ပစ်နိုင်ပါ့မလား စိုးရိမ်နေကြတယ်
ရှီရှန်း ကမျက်နှာဖြူဖျော့နေတဲ့ လင်းယွဲ့ကိုစိုးရိမ်တစ်ကြီး ကြည့်လိုက်တယ် လင်းယွဲ့က ခေါင်းခါပြပြီး သူအဆင်ပြေကြောင်း ပြောတယ်
ရှီရှန်းက သူ့ပါးကိုဆွဲလိုက်ပြီးပြောတယ်
"ဒီကိစ္စတွေပြီးရင် အိမ်ပြန်ကြမယ် မင်းကို အင်းစာရွက်တွေ ဆွဲပေးဖို့မလိုပါဘူးလို့ပြောသားပဲ ငါ့ဘာသာဖြေရှင်းပေးနိုင်ပါတယ်"ရှီရှန်း ကအမြဲတမ်း လင်းယွဲ့မှာဘာလို့ချီစွမ်းအင်တွေရှိနေတာလဲ စဉ်းစားမရဘူး မမျှော်လင့်ထားတာက သူကအင်းစာရွက်တွေတောင် ဆွဲတတ်တယ်
အင်းစာရွက်ဆွဲခြင်းက သူတော်စင်တွေအတွက်အတော်ကို အသုံးဝင်တဲ့လက်နက်ပဲ
သူတော်စင်တွေက ဒီကမ္ဘာမှာ အခြေခံလောက်ပဲ နားလည်ပြီးအခြားဘာမှ တိုးတက်လာတာမရှိဘူး လင်းယွဲ့တစ်ယောက်တည်းကသာ တိုးတက်လာပြီး ချီစွမ်းအင်က သူ့ဆီမှာရှိနေတယ်
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....