Unicode
"အမတ်ချုပ်ကြီး..ဒီက သခင်လေးက.." သမားတော်ရဲ့ နဖူးပြင်မှာ ဇောချွေးတွေ သီးနေတယ် 'အမတ်ချုပ်ရဲ့ အကြည့်ကြီးက အေးစက်နေလိုက်တာ ..ရေခဲစိုင်တွေတောင် ထွက်လာတော့မလားပဲ..ကြောက်စရာကြီး..'
"ပြောစရာရှိတာသာပြောပါ.." သိုက်ယွဲ့က လောလိုက်တယ်
သမားတော်က သူမနဖူးက ချွေးတွေကို သုတ်လိုက်တယ် "ကြည့်ရတာ ဒီသခင်လေးက နွေဦးတစ်ထောင်အဆိပ်မိနေတဲ့ပုံပဲ..အဲ့ဒါကလည်း ပုံမှန်တွေ့ရတဲ့ သာမန် နွေဦးတစ်ထောင်အဆိပ်မဟုတ်ဘဲ အထူးဖော်စပ်ထားတဲ့ အဆင့်မြင့်အမျိုးအစား..ဖြေဆေးလုံးဝမရှိဘူး.."
"ခွမ်း!.." ရှီရှန်းက စားပွဲပေါ်က လက်ဖက်ရည်ခွက်ကို ပုတ်ချလိုက်တယ် "ဆီလျော်မှုမရှိလိုက်တာ.."
"အမတ်ချုပ်ကြီး.." သိုက်ယွဲ့က သတိပေးလိုက်တယ်
ရှီရှန်းက အသက်ပြင်းပြင်းရှူပြီး ကိုယ့်စိတ်ကိုယ်ထိန်းလိုက်တယ် "တကယ် ဖြေဆေးမရှိတာလား.."
သမားတော်က တံတွေးမျိုချပြီး ခေါင်းယမ်းလိုက်တယ် "ဒီသခင်လေးက အဲ့ဒီအဆိပ်ကို တိုက်ရိုက်သောက်မိထားတာမဟုတ်ဘဲ ရိုးရိုးအဆိပ်ကိုသာ သောက်မိသွားပုံရပြီး သူ့ကိုယ်ထဲရောက်မှ ဓာတ်ပြုပြီး အဆိပ်က ပိုအဆင့်မြင့်သွားပုံပေါ်ပါတယ်.."
သမားတော်က ရှီရှန်းရဲ့ မျက်နှာကို အကဲခတ်ပြီးမှ ဆက်ပြောတယ် "ဒါက နွေဦးတစ်ထောင်အဆိပ်ကို တိုက်ရိုက်သောက်မိသွားတာထပ်တောင် ပိုပြင်းထန်ပါတယ်.."
"အဆိပ်ကို ဖိနှိပ်ထားလို့ရောရလား.."
"ကျွန်တော်မျိုးမ အကဲခတ်တာသာမမှားဘူးဆိုရင် ဒီသခင်လေးက ကိုယ်ခံပညာလေ့ကျင့်တဲ့ပုံပါပဲ..တကယ်လို့ အဆိပ်ကို ပြေလျော့အောင်မလုပ်ဘဲ တောင့်ခံထားမယ်ဆိုရင် သူ့ရဲ့ ကိုယ်ခံစွမ်းအားတွေအကုန်လုံး ပျက်စီးသွားမှာကို စိုးရိမ်မိပါတယ်.."
"အဲ့လောက်တောင် ပြင်းထန်လား.." ရှီရှန်းက မျက်မှောင်ကျုတ်လိုက်တယ်
သမားတော်က ရိုးသားစွာခေါင်းငြိမ့်ပြတယ် သာမန်လူတွေသာဆိုရင် အထူးဖော်စပ်ထားတဲ့ အဆိပ်ကို မပြောနဲ့ ရိုးရုးနွေဦးတစ်ထောင်အဆိပ်ကိုတောင် တောင့်ခံထားနိုင်ကြမှာ မဟုတ်ဘူး..
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....