Arc 11.31 END

5K 621 19
                                        

Unicode

ရှီရှန်းရဲ့ကာကွယ်မှုနဲ့ အုပ်ချုပ်မှုတွေကြောင့် ကျွင်းမိသားစုက တော်ဝင်မိသားစုကို လွှမ်းမိုးနိုင်သွားပြီး ပြားပြားဝပ်နေအောင်ဖိထားတော့တယ်

ဒါပေမဲ့ ချစ်လှစွာသောရှီရှန်းရဲ့ ခြေသလုံးတုတ်တုတ်ကြီးကိုတော့......

တစ်ယောက်တည်းသောသူပဲ ဖက်ခွင့်ရှိတယ်

အဲ့တာကြောင့်သူတို့အနေနဲ့ ကပ်ဖားကပ်ယား လုပ်နိုင်တာသခင်လေးလင်းယွဲ့ပဲ ရှိတယ်

သခင်လေးလင်းယွဲ့ ပဲ အမတ်ချုပ်ကိုတွေ့နိုင်ပြီး စကားပြောခွင့်ရတာကိုပဲ ကျေးဇူးတင်နေရတယ်

ရှီရှန်းက သူမရဲ့အာဏာတွေ အားလုံးကို ကျွင်းမိသားစုကို လွှဲပြောင်းပေးလိုက်တယ် သူမရဲ့တာဝန်တွေအားလုံးက ကျေပွန်ပြီးပြီ အခုကျွင်းမိသားစုရဲ့အနာဂတ်က သူတို့လူတွေပေါ်မှာပဲမူတည်နေတယ်

ရှီရှန်းက လင်းယွဲ့ နဲ့အတူ သိုက်ယွဲ့ ရင်းယွဲ့တို့ကိုခေါ်ပြီး ဝမ်ယွမ်တောင်မှာ အတူတူနေကြတယ်

လင်းယွဲ့ ကအခြားနေရာတွေမှာနေရမှာထက် တောင်ပေါ်မှာနေရမှာကို ပိုနှစ်သက်တယ် ရှီရှန်းကလည်း လင်းယွဲ့နေတဲ့နေရာမှန်သမျှ လိုက်နေဖို့သဘောရှိတယ်

အဲ့ဒါအပြင် လူအုပ်တွေလူစုလူဝေးတွေနဲ့ ဝေးရာမှာဖြစ်လို့ သူမတစ်ယောက်တည်း လင်းယွဲ့ကို အပိုင်ကြံနိုင်တာကြောင့် ကျေနပ်ပီတိတြွေဖာနေတယ်

ကိုးလို့ကန့်လန့်ဖြစ်နေတာကတော့ ကူးစူးပဲ ရှီရှန်းကသူ့ကို အပိုင်းပိုင်းဖြစ်အောင် ခုတ်ချင်နေတာ အကြိမ်ရေမနည်းတော့ဘူး

သိုက်ယွဲ့သာ အချိန်မီရောက်ရောက်မလာဘူး ဆိုရင်ကူးစူး ရှီရှန်းလက်ထဲထဲမှာ အမှုန့်ဖြစ်သွားလောက်တယ်

ကိုးကြိမ်မြောက် သိုက်ယွဲ့က ကူးစူးကို ပြန်ခေါ်ပြီးတဲ့နောက်မှာ ရှီရှန်းရဲ့ဒေါသက ငယ်ထိပ်ရောက်နေပြီ

"အဲ့ကြွက်စုတ်ကို မထိပါနဲ့လို့ပြောတာကို!! မင်းငါ့ကို နည်းနည်းတောင် နားလည်မပေးနိုင်ဘူးလား"
ရှီရှန်း ကလင်းယွဲ့ကို သေအောင်သတ်ချင်စိတ်တွေ ပေါက်လာတယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Donde viven las historias. Descúbrelo ahora