Unicode
ကျန့်ကျန်း ရဲ့သိုင်းပညာကသိပ်မကောင်းပါဘူး။ သူက သူ့ရဲ့ကြွယ်ဝတဲ့အတွင်းအားစွမ်းအင်ကိုသာမှီခိုနေခဲ့ရတာလေ
ရှီရှန်း က သူတို့တိုက်ခိုက်နေတာကို မျက်စိကိုကျဥ်းမြောင်းပြီး ကြည့်နေခဲ့တယ်ကျန့်ကျန်း က ဖူယိယွင် ရဲ့လှုပ်ရှားမှုပုံစံတွေကို လေ့လာခဲ့ပုံရတယ်
ဖူယိယွင် ကလည်း ကျန့်ကျန်းရဲ့ သိုင်းကွက်တွေကိုမရင်းနှီးနေပေမယ့် သူကခိုင်မာတဲ့အားသာချက်ကိုထိန်းသိမ်းထားဆဲပဲ
သူတို့ရဲ့လှုပ်ရှားမှုတွေက အရမ်းလျင်မြန်လွန်းတယ်
မြင်နိုင်သမျှက အဖြူရောင်နှင့်အနက်ရောင်ပုံသဏ္ဌာန်တို့ တိုက်ခိုက်ခြင်း၊ ခွဲခွာခြင်းနဲ့ထပ်မံတိုက်ခိုက်ခြင်းတို့သာ ဖြစ်တယ်ချလွမ်!
ကျန့်ကျန်း လွင့်ထွက်သွားပြီး မြေပြင်ပေါ် ပြန်ကျသွားတာနဲ့ ကောင်းကင်ပျက်သုဥ်းခြင်းဓါးကလည်း သူ့ဘေးမှာလဲကျသွားတယ်
"ကောင်းတယ်!"
ပရိသတ်က ချက်ချင်းလက်ခုပ်သြဘာပေးကြတော့တယ်ကျန့်ကျန်းက ကောင်းကင်ပျက်သုဥ်း ကိုကောက်ယူလိုက်ပြီး မတိတပ်ရပ်ဖို့ အထောက်အကူတစ်ခုအဖြစ်သုံးခဲ့တယ် သူ့ပါးစပ်ထောင့်မှာ သွေးတွေပေကျံနေတာကိုမြင်နိုင်တယ်
"ပွဲကောင်းတစ်ပွဲပါပဲ" ဖူယိယွင်က ကျန့်ကျန်း ကိုတည်တည်ငြိမ်ငြိမ်ကြည့်လိုက်တယ်
ကျန့်ကျန်းက သူ့အားနည်းချက်ကိုမပြချင်ဘဲပါးစပ်ကို ဟန်မပျက်သုတ်လိုက်တယ်
"ငါ ဒီနေ့မင်းကို လျှော့တွက်လိုက်မိတယ်""သူ့ကိုသတ်! သခင်လေးဖူ၊ ဒီနတ်ဆိုးဂိုဏ်းချုပ်ကိုသတ်လိုက်ပါ "
တစ်ယောက်ယောက်က လှမ်းအော်တယ်။
ဒီအော်ဟစ်သံက ငြိမ်သက်နေတဲ့ရေကန်ထဲကို ပစ်ချခံလိုက်ရတဲ့ ကျောက်တုံးလိုဖြစ်သွားပြီး မကြာခင်မှာ လှိုင်းလုံးတွေဖြစ်ပေါ်စေတော့တယ်"မကောင်းမှုကိုဖယ်ရှားပါ။ မကောင်းမှုကိုဖယ်ရှားပါ "
"မကောင်းမှုကိုဖယ်ရှားပါ။ မကောင်းမှုကိုဖယ်ရှားပါ "
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....