Arc 11.10

3.7K 530 0
                                    

Unicode

မနေ့က ညစာစားပွဲကိုတက်ရောက်ထားတဲ့သူ
တွေက အခုမနက်မှာတော့ အရက်နာကျနေကြတယ် သူတို့မနေ့ညက သောက်တာများသွားကြပုံပဲ

ဒါပေမဲ့ သူတို့ ညီလာခံခန်းမထဲကို မိန်းမတစ်ယောက် လျှောက်လှမ်းလာတာကိုမြင်တဲ့အခါမှာ တော်တော်လေးတုန်လှုပ်သွားကြတယ်

'သူက ညီလာခံကို ဘယ်လိုရောက်လာတာလဲဟ'

ရှီရှန်း ကသူတို့ကိုပြုံးပြလိုက်တယ်

သူတို့အကြောတွေသေသွားသလိုခံစားလိုက်ရတယ်

ရှီရှန်းကစကားတစ်လုံးတောင်မပြောဘဲဝင်လာတယ် သူတို့အတွက်ကိစ္စတွေကိုခက်ခဲအောင်လုပ်ဖို့စိတ်ကူးလည်းမရှိဘူး

.......

ဧကရီကမျက်နှာတင်းမာနေတယ်
"ဝမ်ယွမ်တောင်က ဘယ်သူ့ကိုမဆို ထိပါးရဲရင်, အသက်ရှင်ရတာငြီးငွေ့နေပြီလို့ပြောချင်တာနဲ့အတူတူပဲ"

ရုံးတော်ထဲကသူတွေအားလုံးက ကိုယ့်ခေါင်းကိုမြေကြီးထဲမြှုပ်ချင်စိတ်ပေါ်လာတယ်
'အဲ့သူတော်စင်လေးကရော အဲ့လောက်ချောနေစရာလိုလို့လား, ငါတို့အပြစ်မှမဟုတ်တာ!'

"မင်းတို့တွေအကုန်လုံးအခုချက်ချင်းလင်းယွဲ့ကိုတောင်းပန်စမ်း, သူတော်စင် လင်းယွဲ့ဆီကနေခွင့်လွှတ်မှုကိုမရရင်ဒီကိုထပ်လာစရာမလိုဘူး"

"အရှင်မင်းကြီး"

ဧကရီကဒေါသထွက်သွားတယ်
"ဘာလဲ, အထွန့်တက်စရာရှိသေးတာလား!"

"အရှင်မင်းသမီး, သူတော်စင် လင်းယွဲ့ပျောက်နေပါတယ်"
လျှောက်တင်တဲ့သူကအားတင်းပြီးပြောလိုက်တယ်

ခန်းမကရုတ်တရပ်တိတ်ဆိတ်သွားပြီးဧကရီက ဒေါသထွက်စွာပစ္စည်းတွေကိုပစ်ပေါက်တော့တယ်

"မနေ့ညက သူ့ကိုဘယ်သူပြန်ပို့ပေးတာလဲ"
ဧကရီကစိတ်ငြိမ်အောင်ထားပြီးတော့မေးတယ်

"အဲ့တာက အိမ်ရှေ့မင်းသမီးနဲ့, မင်းသမီးနဉ်တို့ပါ"

အိမ်ရှေ့မင်းသမီးကချက်ချင်းထငြင်းတယ်
"ကျွန်မက လင်းယွဲ့သခင်လေးကိုလမ်းတစ်ဝက်အထိပဲပို့ပေးခဲ့ပြီး မယ်တော့်အမိန့်အရ ပြန်လာခဲ့တာ နောက်တစ်ဝက်က မင်းသမီးနဉ်တစ်ယောက်တည်းလိုက်ပို့တာ,သူမဘယ်မှာလဲ"

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now