Arc 13.22

2.3K 262 9
                                    

Unicode

တောင်ခြေကိုရောက်​တော့ ပိုင်​လော့ ကိုတွေ့လိုက်ရတယ်။

"ပိုင်​လော့၊ မင်းကဘာလို့တောင်ပေါ်ကဆင်းလာတာလဲ"

" ဒီမှာအရမ်းအန္တရာယ်များတယ်။ ပိုင်​လော့၊ မြန်မြန်ပြန်သွား "

ကျန့်ကျန်းဟာ သူတို့စကား​တွေကို ကြားလိုက်ရတဲ့အခါမပျော်မရွှင်ခံစားလိုက်ရတယ်။ သူက စကားပြောတဲ့လူကိုရိုက်လိုက်တယ်။ "ငါတောင်အောက်ခြေမှာ ဘာလက်နက်ပုန်းမှမဖွက်ထားဘူး။ ဘယ်လိုအန္တရာယ်ရှိမှာလဲ! "

လူတိုင်း၊ " …" 'မင်းကိုကြိုက်တဲ့လူမရှိတာမဆန်းပါဘူး'

ပိုင်​လော့ရဲ့မျက်နှာပေါ်မှာ ရှက်ရွံ့တဲ့ အငွေ့အသက်​တွေရှိ​နေတယ်။ အမာရွတ်ကို သိပ်မမြင်ရ​တော့ဘူး။

ပိုင်လော့က အနောက်ဘက်မှာ ရပ်နေတဲ့ ရှီရှန်းကို ဂရုတစိုက်ကြည့်လိုက်တယ်  "ဂိုဏ်းချုပ်…ကျွန်မ ရှင်တို့နဲ့လိုက်ခဲ့လို့ရမလား"

"မရဘူး" ကျန့်ကျန်းက ချက်ချင်းငြင်းလိုက်တယ် "မင်းက အရမ်းအားနည်းတယ် ငါတို့နောက်ကို ဘယ်လိုလိုက်မှာလဲ "

ပိုင်​လော့"... " 'ရှင့်ကိုမမေးဘူး'

"ရတယ် " ကျန့်ကျန်း ကအဲဒါကိုငြင်းတဲ့အတွက် ရှီရှန်း ကချက်ချင်းသဘောတူလိုက်တယ်။
"မင်း သူမကိုမလိုက်စေချင်တာကြောင့် ငါသူမကိုလိုက်ခွင့်ပြုမယ်"

"ဟမ့်!" ကျန့်ကျန်းက ရှေ့က​နေထွက်သွားတယ်။

ရှီရှန်း  က ပိုင်​လော့ ဘာကြောင့်တောင်​အောက်ကိုသွားချင်ရတာလဲဆိုတာ ခန့်မှန်းနိုင်တယ်။ သူမရဲ့ပျောက်ဆုံးနေတဲ့အမှတ်တရတွေကိုပြန်ရှာဖို့ဖြစ်နိုင်တယ်။

ဒါက ပိုင်​လော့ ရဲ့လွတ်လပ်မှုပဲ၊  ရှီရှန်း နဲ့ မဆိုင်ဘူး။ ဒါပေမယ့် ဒါက ဒီမိန်းကလေးရဲ့လုံခြုံရေးအတွက်သူမမှာတာဝန်ရှိမရှိဘူးလို့ဆိုလိုတာမဟုတ်ဘူး။

……

ပိုင်​လော့ပါတာကြောင့် ဂိုဏ်းသား​တွေက သူမအတွက် ရထားတစ်စင်းယူလာခဲ့တယ်။ တစ်ချိန်တည်းမှာ သူတို့ဂိုဏ်းချုပ်ရှီရှန်း က​တော့ ရထားကို ကြည့်ရုံသာကြည့်နိုင်တယ်။

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now