Unicode
ရှီရှန်းဆီကတုံ့ပြန်မှုမရှိဘဲ ရှန့်ကျားရင်းက ရက်ပေါင်းများစွာစောင့်ဆိုင်းခဲ့ရတယ်
ရှီရှန်းအိမ်ကနေအပြင်ထွက်သွားတဲ့အခါမှာတောင် ယွိကျိုက အမြဲလိုက်ပို့လေ့ရှိပြီး သူတို့နဲ့အတူ လူတွေအများကြီးကို အမြဲခေါ်ဆောင်သွားတာကြောင့် သူမကိုအတင်းခေါ်ထုတ်ဖို့လည်း မဖြစ်နိုင်ဘူး
"ဘာလဲ? တစ်စုံတစ်ယောက်ကိုမှန်မှန်ကန်ကန် မဆွဲဆောင်နိုင်ခဲ့ဘူးလား"
ရင်းမော့က ဝရံတာမှာ ရပ်ပြီး ဝိုင်နီတစ်ခွက်ကိုကိုင်ရင်း ရှန့်ကျားရင်းကိုပြုံးကြည့်နေတယ်
ရှန့်ကျားရင်းက မသင့်တော်ဘူးလို့ပြောခဲ့ပေမယ့်လည်း သူက ရေချိုး၀တ်ရုံကိုပဲ ၀တ်ထားတယ်ရှန့်ကျားရင်းရဲ့ ရှည်လျားတဲ့ဆံပင်တွေက သူမရဲ့ပုခုံးကို ဖုံးအုပ်ထားတယ် သူမက အခုအချိန်မှာ လသာဆောင်ဘက်ကို မျက်နှာမူထားတဲ့ ဧည့်ခန်းတစ်ခုမှာရပ်နေတယ်
ရင်းမော့ရဲ့ လှောင်ပြောင်ရိပ်သမ်းတဲ့ စကားတွေကိုကြားရတဲ့အခါ သူမပိုပြီး ဒေါသထွက်လာရတယ်"ရှင်ကအရမ်းစွမ်းနေတယ်ထင်ရင် ရှင်ကိုယ်တိုင်လုပ်ပါ့လား"
"အဲ့ဒီအမျိုးသမီးက ငါ့ကိုဆို အရမ်းသတိထားတယ်"
ရင်းမော့က ဧည့်ခန်းထဲကို လမ်းလျှောက်လာတယ်"ရှန့်ကျားရင်း မင်းစိတ်ပျော့လာတယ်ငါ့ကိုမပြောဘူးလား"
"စိတ်ပျော့တယ်?" ပြန်လည်မွေးဖွားလာသည့် အချိန်ကစပြီး သူမဆီမှာ စိတ်ပျော့တယ်ဆိုတာမရှိစေရတော့ကြောင်း ကျိန်ဆိုခဲ့တယ်
"သူမက ရှင့်ကိုဆို သတိထားတယ်..ဒါပေမယ့် ကျွန်မကိုဆိုပိုတောင်ဆိုးသေးတယ်! ရှန်းယန်က ကျွန်မလက်ထဲမှာရှိတယ်လို့ပြောတာတောင် သူမကတုံ့ပြန်သေးဘူး "
ခဏရပ်ပြီးနောက် သူမက ဆက်ပြောတယ်"သူမက သူရှိနေတာကိုသတိမပြုမိသေးတာလား"
ရင်းမော့က ဝိုင်ခွက်ကို ဘေးနားချလိုက်ပြီး ရှန့်ကျားရင်းရဲ့ပုခုံးကိုဆုပ်ကိုင်ကာ အဲ့ကနေတစ်ဆင့် သူ့လက်ချောင်းတွေက သူမရဲ့ လက်မောင်းအောက်ကို လျှောကျလာတယ်
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....