Unicode
ချင်ကောက ရေချိုးကန်ထဲမှာ ရေစိမ်နေတယ် သူ့ပုံစံကလည်း အတော်လေးစိတ်ပျက်နေတဲ့ ပုံပဲ ဒါပေမဲ့ ဒါကသူလုပ်နိုင်တဲ့ အကောင်းဆုံးအရာပဲ သူမကို သူကိုယ်တိုင်လည်း ဘာမှပေးနိုင်မှာမှမဟုတ်တာ...
ချလပ်~
ချင်ကောက ရေချိုးခန်းတံခါးကို လှမ်းကြည့်နေပြီးတော့ အာရုံကြောတွေ တောင့်သွားသလို ခံစားရတယ်
သူ့မြင်ကွင်းထဲကို ရှီရှန်းရောက်လာတယ် သူမတံခါးကို ပိတ်လိုက်တယ်
"မင်း....."
ချင်ကောက ရေကန်ထဲကိို ပိုငုံ့လိုက်တယ် 'သူမဘာလို့ဝင်လာတာလဲ'
ရှီရှန်းက သူ့အဝတ်တွေကို ချွတ်ဖို့လုပ်တယ်
ချင်ကောတစ်ယောက် ကြောင်ပြီးသူမကိုကြည့်နေတယ်
"ချူးချူး"
ချင်ကောက သူမကိုအော်လိုက်တယ်
"ဘာတွေအော်နေတာလဲ"
"ထွက်သွား"
ချင်ကောရဲ့အသက်ရှူသံတွေ မြန်လာတယ်
"ကျွန်မရှင့်ကို မြူဆွယ်ဖို့လုပ်နေတာ"
ရှီရှန်းက သူမအပေါ်ဝတ်ကို ချွတ်ပြီးနေပြီ သူမအတွင်းခံတွေကိုလည်း မြင်နေရပြီ ပြောချောနေတဲ့အသားအရေဟာမီးရောင်ကြောင့် လက်နေတယ်
"ရှင်ပြေးချင်ပြေးလို့ရတယ်နော်"
'ငါ့ကိုမြူဆွယ်မယ်'
ချင်ကောက သူမကိုနားမလည်တဲ့မျက်လုံးနဲ့ကြည့်နေတယ်
ရှီရှန်းက ရေချိုးကန်ထဲကို ဝင်လာတယ်
နွေးထွေးတဲ့မီးရောင်ဖျော့ဖျော့က သူမခန္ဓာကိုယ်ကို လွှမ်းခြုံထားတယ် သူမအနီးကို ကပ်ကပ်လာတာနဲ့ချင်ကောရဲ့အသက်ရှူသံတွေက ရေလှိုင်းကြားမှာ ပိုပိုပြီး ရုန်းကန်လာရတယ်
ရွှက်~
"ချီး...အေးတယ်ဟ"
ရှီရှန်းက ခြေထောက်ကိုမြန်မြန်မလိုက်တယ်
"အိပ်ရာပေါ်ပဲ သွားရအောင်"
ဆေးစွမ်းပြလာသလို ချင်ကောခံစားလာရတယ်....သူအခုသူမကိုပဲ ငေးကြည့်နေမိပြီ
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....