Unicode
သူတော်စင်ငယ်လေးက မှောင်မဲပြီးစိုထိုင်းတဲ့နေရာမှာတံခါးအပိတ်ခံထားရတယ်ပိုးဟပ်တွေ ကြွက်အကြီးကြီးတွေရဲ့ ဖြတ်သွားဖြတ်လာအော်မြည်သံတွေကသူကိုနှိပ်စက်နေသလိုပဲ
သူကထောင့်တစ်နေရာမှာခွေနေပြီးတော့တုန်လှုပ်နေတယ်
'ဆရာတူအစ်ကိုကြီးကဘာလို့လာမကယ်သေးတာလဲ'သူကကျောင်းဆောင်မှာအိပ်ပျော်နေပြီးနိုးလာတော့ဒီနေရာကိုရောက်နေတာပဲ မျက်လုံးကိုအဝတ်နဲ့အုပ်ထားတာခံရပြီးတော အလင်းရောင်ဆိုတာတစ်စက်မှမတွေ့ရဘူး
သူ့နားကတော့စကားပြောသံတွေကြားနေရတယ်"သူဘယ်လိုနေလဲ"
"ကောင်းပါတယ်"
"သူ့ကိုငါအစာသွားပို့ပေးမလို့,တစ်နေကုန်ဘာမှမစားရသေးတာကြောင့်ဆာနေမှာပဲ"
ကူးစူးကခြေလှမ်းတွေနီးလာတာကိုကြားရတာကြောင့်တတ်နိုင်သမျှဘောလုံးလိုကွေးနေဖို့လုပ်တယ်
သူ့လက်ကောက်ဝတ်ကိုတင်းတင်းကြပ်ကြပ်ဆုပ်ထားတာကိုခံစားမိလိုက်ပြီးခြေထောက်ကိုဆွဲလိုက်တာခံရတယ်
"သူတော်စင်ပေါက်စလေးကအတော်ကိုနူးညံ့သားပဲ"
ခပ်ကြမ်းကြမ်းလက်တစ်စုံကသူ့မျက်နှာကိုလာကိုင်တယ်ကူးစူးကရုန်းလိုက်ပြီးတော့တုန်တုန်ရီရီနဲ့မေးတယ်
"ခင်ဗျားဘယ်သူလဲ,ဘာကြောင့်ကျွန်တော့်ကိုပြန်ပေးဆွဲလာတာလဲ"သူရုတ်တရပ်တစ်စုံတစ်ယောက်ရဲ့လက်မောင်းထဲကိုဆွဲထည့်တာခံလိုက်ရပြီးတော့ပါးစပ်ကိုအပိတ်ခံလိုက်ရတယ်
"အမ်း...အွန်း..."
'သူတော်စင်အကိုကြီးလာကယ်ပါတော့'"ဒီအကြံညဏ်ကောင်းလို့လား?,အမိန့်ပေးတဲ့သူကသူ့ဆံပင်တစ်မျှင်တောင်မထိခိုင်းထားဘူးမလား"
နောက်တစ်ယောက်က ကူးစူးကိုလွှတ်ပေးဖို့ တုန်တုန်ရီရီပြောတယ်"ဘာတွေကြောက်နေတာလဲ?
သက်သေသာမကျန်ခဲ့ရင်ရပြီမဟုတ်ဘူးလား, ဘယ်သူကသိမှာလဲ,တံခါးကိုပိတ်လိုက်,မင်းလည်းဒီလိုခံစားချက်မရဘူးဆိုတာငါမယုံဘူး"
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....