Arc 14.3

3.4K 462 1
                                    

Unicode

ရှီရှန်းက နေ့ဘက်ကြီး အိမ်မက်မက်နေသလားအောက်မေ့ရတယ် ချန်းရှီကတော့ သူ့ဘဒို နေမကောင်းဖြစ်နေတာတို့ အချစ်နာကျနေတာတို့ ဖြစ်နေတယ်လို့ထင်နေတယ်

"ချူးချူး တစ်ခုခုဖြစ်နေရင်ပြောတာပြောလိုက် တစ်ယောက်တည်း ကြိတ်ခံစားမနေနဲ့"

ရုတ်တရပ်ဒါကိုကြားလိုက်ရတာကြောင့် ရှီရှန်းက သူ့ကိုထူးဆန်းစွာကြည့်မိတယ်

"ဘာကိုခံစားရမှာလဲ"

ချန်းရှီ"......"

'နင်ခံစားရတာ ငါဘယ်လိုလုပ်ပြီးသိမှာလဲဟ'

"ငါအကောင်းကြီးပါ" 

ရှီရှန်းက တူကိုချပြီးတော့ သူမနှုတ်ခမ်းကို သုတ်လိုက်တယ်

သူမ အရမ်းလန်းတဲ့ပုံစံဖမ်းပြီး ပြောချတယ်

"ဒီနေ့က စပြီး ငါက တည်ငြိမ်ခြင်း နတ်ဘုရားမ လုပ်တော့မှာ"

ရှီရှန်းရဲ့စကားကို ကြားမှ ချန်းရှီက သက်ပြင်းချမိတယ် သူပြန်ပြောတယ်

"သေချာလို့လား? ငါကတော့နင်စိတ်ရှည်နိုင်မယ်မထင်ပါဘူး"

ရှီရှန်းက သူ့ရင်ဘတ်ကိုထုလိုက်တယ်

"ငါက နတ်ဘုရားထက်ကို စိတ်ရှည်တော့မှာ"

"ဟုတ်ပါပြီ ဟုတ်ပါပြီ နတ်ဘုရားမကြီးရေ နင်ငါ့ကို အတော်ခြောက်လိုက်တာပဲ ငါကနင်အချစ်နာကျနေတာလို့တောင်ထင်နေတာ"

ချန်းရှီက သူ့ရင်ဘတ်ကို ပုတ်ပြီးပြောတယ်

"ငါကအခုထိ ရည်းစားတောင်မရှိသေးတဲ့ဟာကို ဘယ်လိုလုပ်ပြီး အချစ်နာကျမှာတုန်း"

ရှီရှန်းက သူ့ကို မျက်ခုံးပင့်ပြတယ်

"နင့်ရဲ့ ချစ်လှစွာသော နတ်ဘုရားကြီးရော သူ့ကိုဘာလို့မလိုက်တာလဲ ငါကြားတာတော့ သူကောင်မလေးတစ်ယောက်ကို လိုက်နေတယ်ဆိုပဲ သူများဦးသွားမယ်နော်"

ရှီရှန်းက ပြုံးမိတယ် 'သူဇာတ်လိုက်ကောင်အကြောင်းများပြောနေတာလား?'

ရှီရှန်းက ချောင်ချူးရဲ့မှတ်ညဏ်တွေထဲကို ရှာကြည့်တယ် ဒါကအဖြစ်နိုင်ဆုံးသောအရာပဲ

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now