Arc 12.37

3.3K 525 1
                                    

Unicode

ယောင်ချင် က အရက်အလွန်အကျွံသောက်ခဲ့တာမို့သူမဘာဖြစ်ခဲ့တယ်ဆိုတာကို အများကြီးမမှတ်မိတော့ဘူး သူမမှတ်မိနိုင်တာကတစ်ယောက်ယောက်က သူမကိုအရက်ဇွတ်သောက်ခိုင်းတယ်ဆိုတာပဲ
ရှီရှန်က နောက်ကွယ်ကကိစ္စကို သူမကိုမပြောပြခဲ့ဘူး

"ရှန်းရှ ငါနင့်ကိုဒုက္ခပေးမိခဲ့တာလား" ရှီရှန်း ရှေ့မှာရပ်နေတုန်း ယောင်ချင် သည်အမှားလုပ်မိတဲ့ ကလေးတစ်ယောက်နဲ့ တူ​​နေတယ်
"မဟုတ်ဘူး..အဲ့ဒါကိုအများကြီးမတွေးပါနဲ့"

" အိုး "
ယောင်ချင် ကခေါင်းကိုကုတ်လိုက်ပြီး ရှီရှန်း ရဲ့လက်ထဲက A4 စာရွက်ကိုမြင်လိုက်တယ်  "ဘာလို့နင်က ဒါကိုထပ်ကြည့်နေရတာလဲ"

'သူမ အရင် cafeမှာ ထိုင်တုန်းကလည်းကြည့်ဖူးတယ် '

"ဘာလို့လဲဆိုတော့အတွင်းထဲမှာဘာလျှို့ဝှက်ချက်တွေရှိနေလဲမသိလို့" ရှီရှန်းသက်ပြင်းချလိုက်တယ် 'ငါ့မှာ အရိပ်အမြွက်လုံးဝမရှိဘူး..ငါဒီစာကိုဘယ်လိုဖတ်ရမှာလဲ..'

"လျှို့ဝှက်ချက်​တွေလ? ဘာလျှို့ဝှက်ချက်လဲ .. အဲ့ဒါဘာမို့လို့လဲ?"

ယောင်ချင်က စာရွက်ကိုခဏလောက်စစ်ဆေးကြည့်လိုက်တယ်
"ဒီဂဏန်းတွေကနည်းနည်းရင်းနှီး​နေသလိုပဲ..
ခဏစောင့်... ငါအဖေ့ကိုမေးလိုက်အုံးမယ်"
ယောင်ချင်က ဖုန်းခေါ်ဖို့ ဧည့်ခန်းကို အမြန်ပြေးသွားတာ​ကြောင့်  ရှီရှန်းလည်း သူမနောက်ကိုလိုက်သွားရတယ်
" အဖေ..လွန်ခဲ့တဲ့သုံးလက သမီးကို အဲဒီ့လျှို့ဝှက်အဖွဲ့အစည်းကိုသွားဖို့အတွက် S နိုင်ငံ ကိုခေါ်သွားတာမှတ်မိသေးလား"

"မှန်တယ်၊ မှန်တယ်! အမှတ်စဉ်ကိုမှတ်မိသေးလား.."
" 42492702S? အိုးဘာမှမဖြစ်ပါဘူး...ဒီတိုင်းမေးနေရုံပဲ..အမ်း...ဟုတ်ပြီ.. တာ့တာ.."

"ရှန်းရှ...ရှန်းရှ !" ယောင်ချင်က စိတ်လှုပ်ရှားစွာလှည့်ကြည့်လိုက်တယ်
"ဒါကအဖွဲ့အစည်းရဲ့နံပါတ်စဉ်ပဲ!"

"ဘယ်ကအဖွဲ့အစည်းလဲ"

"အဲ့ဒါကပုဂ္ဂလိကလုံခြုံမှုထိန်းသိမ်းရေးအဖွဲ့အစည်း​လေ..ငါ့အဖေကငါ့အဘိုးပိုင်ပစ္စည်းတစ်ခုခုကိုစုဆောင်းဖို့သွားခဲ့တယ်ထင်တယ် ... သေတ္တာအားလုံးက 42492 နဲ့ဖြင့်စတယ်..ငါလည်းသိချင်တာကြောင့်မေးလိုက်​တော့  ၀န်ထမ်းက သူတို့တည်ထောင်သူနဲ့သူ့ဇနီးရဲ့မွေးနေ့နဲ့အဖွဲ့အစည်းတည်ထောင်ခြင်းရဲ့နောက်ကွယ်ကအဖြစ်အပျက်ကိုပြောပြခဲ့တယ်...တကယ့်ကို ရင်ထိထိထိမိမိဖြစ်ခဲ့တဲ့ ဇာတ်လမ်းကြောင့် ငါရှင်းရှင်းလင်းလင်းမှတ်မိခဲ့တယ် 'S' က သူတို့အဖွဲ့အစည်းနာမည်ဖြစ်တဲ့ 'secret' အတွက်အတိုကောက်တဲ့.."

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now