Arc 12.16

3.7K 600 6
                                    

Unicode

"မင်းက ကိုယ့်ကိုအထင်​သေးနေတာပဲ..!  ညီမ​လေး ​ရှောင်ရှ..မင်းရဲ့ ကိုကိုယွိကတကယ်အစွမ်းအစရှိတယ်ဆိုတာမင်းယုံရမယ်”

"ဒါ​ပေမယ့် ရှင်က ကျွန်မဆီက​နေအရိုက်ခံ​နေရတုန်းပဲ​နော် " ရှီရှန်းကအေးဆေးစွာပြောတယ်

"မင်းသာဆန္ဒရှိရင် ကိုယ်က မင်းလုပ်ချင်တာလုပ်ဖို့ခွင့်ပြု​ပေးထားပြီးသား.."  ယွိကျို ကရယ်တယ်

ရှီရှန်းလှည့်ကြည့်လိုက်​တော့ သူ့နှုတ်ခမ်း​ပေါ်ကအပြုံးကိုမြင်လိုက်တယ်
သူမကသူ့ကိုစက္ကန့်အနည်းငယ်ကြည့်ပြီးဖုန်းကိုလှမ်း​ပေးလိုက်တယ်

ဒီအချိန်မှာစမတ်ဖုန်းတွေမပေါ်သေးပါတာကြောင့် ယွိကျိုရဲ့မျက်လုံး​တွေက သူ သူမရဲ့ဓားကိုပထမဆုံးမြင်ဖူးတုန်းကလို ​တောက်ပသွားတယ်

"ညီမ​လေး​ရှောင်ရှ...ဒါကိုမင်းဘယ်ကရတာလဲ... ဒါဟာလက်ရှိနည်းပညာထက်အများကြီးပိုအဆင့်မြင့်တယ် "
ယွိကျိုက သူ့ခန္ဓာကိုယ်ကိုသုံးပြီး ဖုန်းကို cctv ကင်မရာ​တွေနဲ့အခြားလူ​တွေရဲ့မြင်ကွင်းက​နေ ပိတ်ကွယ်ထားတယ်

"ဂြိုလ်သားတွေကပေးသွားတာ"
ရှီရှန်းက ဒေါသထွက်လာတယ် 
"အဲ့လို​ပြောရင် ရှင်ယုံလား?"

"မင်းပါးစပ်ကထွက်လာတာအကုန် ကိုယ်ယုံတယ်"  ယွိကျို ဖုန်းကိုအိတ်ကပ်ထဲထည့်လိုက်တယ်
ဒီနေရာက လူစည်ကားလွန်းတယ်
ဖုန်းကိုထပ်ကြည့်ဖို့ မသင့်တော်ဘူး

ရှီရှန်းကိုကြည့်ပြီး သူကတောက်ပတဲ့အပြုံးနဲ့ဆက်ပြောတယ်
"ကိုယ့်ရဲ့ခန္ဓာကိုယ်နဲ့နှလုံးသားက ညီမ​လေး​ရှောင်ရှအပိုင်ပါ"

"ဟုတ်လား?"

သူမဒေါသမထွက်တာကိုကြည့်ပြီး ယွိကျို ကဆက်ပြီး​ပြောတယ်  " ညီမ​လေး​ရှောင်ရှ မင်းကိုယ့်ကို အချိန်မရွေးသိမ်းပိုက်ဖို့ကြိုဆိုပါတယ်”

“ ဟုတ်ပါပြီ ”  ရှီရှန်းခေါင်းညိတ်လိုက်တယ်

“ ရှင့် ခန္ဓာကိုယ်ကိုကျွန်မ ခွဲခြမ်းစိတ်ဖြာကြည့်လို့ရမလား ”

ယွိကျို "... "

အကြောင်းတစ်ခုခုကြောင့်သူမအခန်းထဲတွင်တွေ့ခဲ့သော *သေရန်နည်းလမ်း၁၀၁ပါး* အမည်ရှိစာအုပ်ကသူ့စိတ်ထဲ​တန်း​ပေါ်လာတယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now