Arc 12.27

3.5K 541 1
                                    

Unicode

ရှီရှန်းက ရှန်းရှီလုပ်ငန်းစုလို့ကြားလိုက်တာကြောင့် သူမဒါကို ထပ်ခါထပ်ခါပြန်ရစ်ကြည့်တယ်နောက်ဆုံးမှာ စာလုံးတွေအားလုံးကိုစုမိသွားတယ်

''ငါတို့ ဒီကိစ္စကိုအစကတည်းက လူတွေအများကြီးနဲ့ဆွေးနွေးပြီးသားလေ အကယ်၍ရှန်းရှီလုပ်ငန်းစုက နားမထောင်ဘူးဆိုရင် ဒါကသူတို့ထိုက်နဲ့သူတို့ကံပဲပေါ့ ဒီမြေက သူတို့စာချုပ်မချုပ်ခင်ကတည်းက အစိုးရပိုင်တဲ့မြေတွေ ကိစ္စကပိုကြီးသွားတာအဲ့မှာပဲ အားလုံးကပါဝင်နေခဲ့ပြီးသားကို အခုမှနောက်ပြန်ဆုတ်ချင်နေတာလား"

သူတို့မျက်နှာတွေကြည့်ဖို့အတွက်ကတော့ အရမ်းကို ဝေဝါးနေပြီးတော့အနောက်က ပတ်ဝန်းကျင်ကတော့ရင်းနှီးနေပုံပေါက်တယ်

"ရှင်ဒီဟာကို ဘယ်ကနေရလာတာလဲ"

ရှီရှန်းက ယွိကျိုကို မေးလိုက်တယ်

"ရင်းမော့ဆီက"

သူကရိုးရိုးသားသားဖြေတယ်

'ရင်းမော့'

ရှီရှန်းက ကော်ပီကူးလိုက်တယ်

"ကျွန်မဖိုင်တွေကိုရော ကြည့်လို့ရမလား"

ရှီရှန်းက အခြားဖိုင်တွဲတစ်ခုကိုထောက်ပြတယ်

"ဒါပေါ့...ကိုယ်ပိုင်တာက မင်းပိုင်တာပဲလေ"

အဲဒီမှာ ဗီဒီရိုတွေထက်စာရင် ဖိုင်တွေပိုများတယ် အများစုက ဂဏန်းတွေနဲ့ဖြစ်ပြီးတော့ အောက်နားမှာသုံးသပ်ချက်တောင်ရေးထားတယ်

ဒါတွေက အရေးကြီးတဲ့ဖိုင်တွေဖြစ်ပေမယ့် ရှန်းရှီလုပ်ငန်းစုနဲ့မသက်ဆိုင်ဘူး

နောက်ဆုံးနှစ်ခုလောက် ကျန်မှ ရှန်းရှီ လုပ်ငန်းစုနဲ့သက်ဆိုင်တာကိုတွေ့လိုက်တယ်

ပထမတစ်ခုက မြေစာချုပ်နဲ့ပတ်သက်တယ် ဝယ်လိုက်တဲ့သူက ရှန်းရှီလုပ်ငန်းစုဖြစ်ပြီးတော့ လက်မှတ်ထားထားပြီးသားပဲ

ဒါပေမယ့်ရောင်းတဲ့သူကတော့ လက်မှတ်မထိုးခဲ့ဘူး အခြားအချက်အလက်လည်းမပါဘူး

နောက်တစ်ခုကတော့ နာမ်မည်စာရင်းတွေဖြစ်တယ် အများစုကတော့ ရှန်းမျိုးရိုးနဲ့လူတွေဖြစ်ပြီး သူတို့နောက်မှာ ကြက်ချေခတ် ခတ်ထားတယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now