Arc 13.32

658 83 0
                                    


Unicode

"ဂိုဏ်းချုပ် သူတို့ကို ဘာလို့ မသတ်​သေးတာလဲ   နတ်ဆိုးဂိုဏ်းက သိုင်း​လောကတစ်ခုလုံးကို အနိုင်ယူဖို့ လက်တစ်ကမ်းပဲ လို​တော့တယ်" ဂိုဏ်းဝင်တစ်ဦးက ရှီရှန်းအား စိတ်လှုပ်ရှားစွာ လှုံ့ဆော်လိုက်သည်။

"ဒီလူတွေက တော်တော်အရေးကြီးပုံရတယ်  သူတို့ကို ဒီမှာသတ်လိုက်ရင် ဆုံးဖြတ်ချက်ချ​ပေးဖို့ တခြားလူရှိမှာမဟုတ်ဘူး  ငါတို့ နတ်ဆိုးဂိုဏ်း ထွန်းတောက်ဖို့ အချိန်ဖြစ်လာလိမ့်မယ် ဂိုဏ်းချုပ် သူတို့ကို သတ်လိုက်ပါ!"

"ဂိုဏ်းချုပ် သူတို့ကို သတ်လိုက်ပါ…"

နတ်ဆိုးဂိုဏ်းသားအားလုံးက ဒီလူ​တွေကို သတ်ပစ်ဖို့ ရှီရှန်းကို တိုက်တွန်း​​​​နေကြသည်။

"ငါ့ပန်းတိုင်က သိုင်း​လောကတစ်ခုလုံးကို အနိုင်ယူဖို့လို့ ဘယ်သူပြောလဲ"  ရှီရှန်းက အေးအေးဆေးဆေး မေးလိုက်သည်။

နတ်ဆိုးဂိုဏ်းသားများ အံသြသွားကြသည်။  'မဟုတ်ဖူးလား?  ဒါပေမယ့် ဂိုဏ်းချုပ် ဘယ်လိုပဲကြည့်ကြည့် မင်းရဲ့လုပ်ရပ်တွေက သိုင်း​လောကတစ်ခုလုံးကို အနိုင်ယူဖို့လို့ထင်ရတယ်'

သတ်ခံရရန် စောင့်ဆိုင်းနေသော အမှန်တရားဂိုဏ်းသားများသည်လည်း ​ဒေါသတကြီးဖြစ်ကုန်ကြသည်။
'ဒီမိန်းမက သူ့ရည်မှန်းချက်က သိုင်း​လောကတစ်ခုလုံးကို အောင်နိုင်ဖို့မဟုတ်ဘူးလို့ ပြောနေတာလား အဲ့ဒါဆို  တစ်နိုင်ငံလုံးကို ​အောင်နိုင်ချင်နေတာလား'

ရှီရှန်းသည် သူမ၏ပန်းတိုင်ကို အခိုင်အမာ ပြောခဲ့သည်
"ငါ့ပန်းတိုင်က စကြ၀ဠာတစ်ခုလုံးပါ" 

နတ်ဆိုးဂိုဏ်းသားများ ၊ "..."
'ဂိုဏ်းချုပ် ဘာ​တွေပြောနေတာလဲ'

မြေပြင်ပေါ်တွင် လဲလျောင်းနေသော အမှန်တရားဂိုဏ်းသားများ"…"

'ဒီအမျိုးသမီးက သူ့ဆေးကို လှုပ်မသောက်ဖူးလား'

ရှီရှန်းက လက်ကို ဝှေ့ယမ်းလိုက်သည်။  ဒီလူတွေက သူ့ရည်မှန်းချက်တွေကို ဘယ်လိုနားလည်နိုင်မလဲ။

"သူတို့မှာ ပါတာ အကုန်သိမ်းလိုက်"
(*အ၀တ်​တွေချွတ်လိုက် နဲ့ အသံထွက်တူ)

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now