Arc 10.21

3.5K 512 1
                                    

Unicode

ရှီရှန်းက မနက်ဖြန် ဘာပြဿနာထပ်ရှာရမလဲဆိုတာစဉ်းစားရင်း အိမ်တော်ကို အေးအေးလူလူပြန်လာခဲ့တယ်

ရာထူးမြင့်မင်းမှုထမ်းတစ်ယောက် ညမှောင်မှောင်ကြီး တစ်ယောက်ထဲရှိနေတယ်ဆိုတာက အန္တရာယ်များပေမယ့် ကံကောင်းစွာနဲ့ပဲ ဘယ်လုပ်ကြံသူမှပေါ်မလာခဲ့ဘူး အဲ့အစား သူမက အမျိုးသားတစ်ယောက်နဲ့ သူ့အနောက်ကနေလိုက်ဖမ်းနေကြတဲ့ မိန်းမအုပ်လိုက်ကြီးနဲ့ သွားတိုးတာပဲ

'ကောင်းတယ် ...သောက်ရမ်းကောင်းတယ် ...အတင်းအကြပ်ကို မအေးအေးဝင်းစီစဉ်သော ဇာတ်ကြောင်းဆန်တာနော်..တစ်နေ့လေးတောင်မှ သဘာဝကျလို့မရဘူးလား..'

အမျိုးသားက ရှီရှန်းဆီကို အားကိုးတကြီးပြေးလာတယ် သူ့ကြည့်ရတာ သူမရင်ခွင်ထဲပြေးဝင်ချင်တဲ့ပုံပေါက်နေပေမယ့် ရှီရှန်းက အသာလေး ဘေးကိုလှည့်ပြီးရှောင်လိုက်တာကြောင့် အမျိုးသားခမျာ ဟန်ချက်ပျက်ပြီး မြေကြီးပေါ်ကို ပုံပျက်ပန်းပျက် လဲကျသွားတော့တာပဲ

အနီးအနားမှာ မီးအိမ်တွေဘာတွေလည်းမရှိတာကြောင့် ရှီရှန်းက မှိန်ဖျော့ဖျော့လရောင်ကိုပဲ အားကိုးပြီး အမျိုးသားရဲ့မျက်နှာကို ကြည့်လိုက်ရတယ်

အဲ့ဒါက သွမ့်ချင်းယွင်ပဲ

"ငါတို့ မင်းကို သတိပေးမယ်..အသံတစ်သံမှထွက်မယ်မကြံနဲ့..

အမျိုးသမီးထုကြီးက သွမ့်ချင်းယွင်ကို လှည့်တောင်မကြည့်ပဲ ရှီရှန်းကိုပဲ ချဉ်းကပ်လာတယ်

ရှီရှန်း "...." 'ချီးပဲနော် ငါလေးက လက်ချောင်းလေးတစ်ချောင်းတောင်မလှုပ်ရသေးတာကို..ဘယ်မှာ ဆူဆူညံညံလုပ်နေလို့လဲ ရောဂါပဲနော် မျက်စိကန်းနေလား..'

"အမတ်ချုပ်.." မြေပြင်ပေါ်မှာလဲကျနေတဲ့ သွမ့်ချင်းယွင်က ကတုန်ကယင်ဖြစ်နေပြီး ရှီရှန်းကို အားကိုးတကြီးကြည့်ကာ ဆိုလေတယ် "ကျွန်တော့်ကိုကယ်ပါအုံး..ကျေးဇူးပြုပြီး.."

'နင့်ကိုကယ်ရမယ်လား..ဘာအတွက်လဲ?..' ရှီရှန်းက ပြုံးလိုက်ပြီး သွမ့်ချင်းယွင်ဆီကို လျှောက်သွားတယ်

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now