Arc 13.2

4.5K 512 16
                                        

Unicode

ဆေးထည့်ပြီးနောက် ရှီရှန်း သူမဘေးကဓားကိုကြည့်လိုက်တယ်
နှင်းလွှာလမင်း ဓားဟာ ထိပ်တန်းလက်နက်မစာရင်းမှာ အဆင့်ခြောက်ဖြစ်တယ်

ဓါးကထုတ်လိုက်တဲ့ ချီစွမ်းအင်ဓါး​တွေက လခြမ်းပုံရိပ်ဖြစ်တာ​ကြောင့် အဲ့ဒါကို နှင်ူလွှာလမင်းဓါး လို့​ခေါ်တယ်

ရှီရှန်း ကဓားကိုစစ်ဆေးလိုက်တယ် အဲ့ဒါက အတော်လေးထက်တယ်ဆို​ပေမယ့်  ဒါကလွဲ၍ အခြား ထူးခြားမှုမရှိဘူး
သို့​ပေမယ့်လည်း ဒီဓားက ဝူကျန့်ဘဝမှာ စိန်​ခေါ်မှု များစွာကိုဖြစ်စေခဲ့တဲ့ ဓားရှည်ပဲ

နောက်ဆုံးတော့ ဒါက သိုင်း​လောကပဲ​လေ..။ လုယက်မှုနဲ့လူသတ်မှုဆိုတာက ဒီ​​လောကမှာအဖြစ်များတဲ့ကိစ္စပဲ

ရှီရှန်းရဲ့နှုတ်ခမ်း​တွေ တဖြည်းဖြည်းချင်း ​ကွေးတက်လာတယ် သူမက စည်းမျဉ်းစည်းကမ်း​တွေ တရားဥပ​ဒေ​တွေ မရှိတဲ့ ဒီလိုကမ္ဘာ​တွေကိုနှစ်သက်တယ်

သူမက ​ရေခဲနှင်းလွှာဓါးကို သူမရဲ့ ပစ္စည်းသို​လှောင်နယ်​မြေထဲ ပစ်ထည့်လိုက်တယ်
ဒီဓါးက သူမအတွက်​တော့ အသုံးမ၀က်ဘူး

လျှို့ရွှီက သူမကိုစစ်ဆေးဖို့အကြိမ်ကြိမ်ရောက်လာခဲ့ပေမယ့် ရှီရှန်းရဲ့ အေးစက်စက်မျက်နှာနဲ့ပဲ အမြဲရင်ဆိုင်ခဲ့ရတယ်။ အဆုံးမှာတော့သူမလာတော့ဘူး။

ရှီရှန်းရဲ့ဒဏ်ရာသက်သာလာ​ပေမယ့်လည်း လျှို့ရွှီပျောက်သွားတာ နှစ်ရက်နီးပါးရှိနေပြီဖြစ်တယ်
ရှီရှန်းက အဲ့ဒါကို တည်းခိုခန်းစားပွဲထိုးဆီကနေသိခဲ့ရတယ်

ရှီရှန်း "... "
'စာ​ရေးသူsama မင်းဒါက ဘာကိုဆိုလိုတာလဲ..မင်းငါ ဇာတ်လိုက်မကိုသတ်တာကိုတားတာငါနားလည်တယ်.. ဒါပေမယ့်ခုတော့မင်းက တခြားရန်သူတွေကို မသတ်ဖို့ပါတားနေပြီလား! တအားတတ်နိုင်​နေရင် စကြ၀ဠာတစ်ခုလုံးကို ဘာလို့မကယ်လဲ'

တည်းခိုခန်းအပြင်က စည်ကားသွက်လက်​နေတဲ့ လမ်းကိုထွက်လာတာနဲ့ ရှီရှန်းအနည်းငယ်အကျွမ်းတဝင်မရှိသလိုခံစားလိုက်ရတယ်
ခေတ်သစ်တစ်ခုထဲမှာ အချိန်အ​တော်ကြာဖြတ်သန်းပြီးတဲ့နောက် ရှေးဟောင်းကမ္ဘာတစ်ခုကိုရုတ်တရက်ပြန်၀င်ဖို့ ဆိုတာက တော်တော်လေးတုန်လှုပ်စရာကောင်းလှတယ်
သူမ တည်းခိုခန်း​ရှေ့မှာ ခဏ​လောက်ရပ်​နေပြီး​နောက် လမ်းမအတိုင်းဖြည်းဖြည်းချင်းလျှောက်သွားတယ်။
ရှေးခေတ်ရဲ့ အနုသုခမလက်ရာ​တွေဟာ အ​တော်​​လေး လက်ရာ​မြောက်​ပေမယ့်လည်းအရာအများစုဟာ ခေတ်သစ်လူ့အဖွဲ့အစည်းနှင့်မယှဉ်နိုင်ဘူး

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Donde viven las historias. Descúbrelo ahora