Arc 13.16

2.3K 346 3
                                    

Unicode

ရှီရှန်းက​တော့ ခေါင်းကိုလှည့်ပြီး​တောင် မကြည့်နိုင်တော့ဘူး 'ဒီဂိုဏ်းချုပ်ရဲ့ပုံစံကိုငါမမြင်ချင်ဘူး ... ငါ့မျက်စိကိုညစ်ပတ်စေရုံဘဲ'

"မင်းတို့မတိုက်ရဲဘူးလား!" ကျန့်ကျန်းက အမျိုးသမီးများရဲ့ ​အော်သံကို လျစ်လျူရှုကာ ဖူယိယွင်ကိုကောင်းကင်ပျက်သုဥ်း နဲ့ ရွယ်လိုက်တယ်

နှင်းခွေး​ပေါက်ကလေးက သူ့ခြေပတ်ပတ်လည်မှာ အဆက်မပြတ်ပတ်​ပြေး​နေပြီး ကာရံဖန်ရံခါသူ့၀တ်ရုံအစွန်းကို ကိုက်​​ဆော့နေ​လေတယ်

ဖူယိယွင်က ကျန့်ကျန်း ကိုအေးဆေးစွာကြည့်လိုက်ပြီး စိန်ခေါ်မှုကိုလက်ခံမသလို၊ ငြင်းလည်းမငြင်းဘူး။
ကျန့်ကျန်းက​တော့ ဖူယိယွင်ရဲ့ တိတ်ဆိတ်ခြင်းကို သ​ဘောတူခြင်းလို့ လက်ခံလိုက်ပြီး ​ကောင်းကင်ပျက်သုဥ်းကို ဆွဲကာ ​ဒေါသတကြီး ​ပြေး၀င်သွား​တယ် ခွေးပေါက်လေးက​တော့ လဲကျသွားပြီး သူ့သခင်ရဲ့ကြမ်းတမ်းမှုကိုမ​ကျေနပ်စွာအော်ဟစ်​နေ​လေတယ်

ရှီရှန်း က ကျန့်ကျန်း သူ့အရှက်သူပြန်ခွဲမိလိမ့်မယ်လို့ မျှော်လင့်ထားပြီးသားပါ 'သူကfinal boss​တွေရဲ့ ဂုဏ်သိက္ခာအတွက်အစွန်းအထင်းတစ်ခုပဲ ... '

မျှော်လင့်ထားတဲ့အတိုင်းပဲ အကွက်၂၀​လောက်တိုက်ခိုက်ပြီးသွားတဲ့အခါ ကျန့်ကျန်းတစ်​ယောက် ပြိုင်ကွင်းအပြင်ကို အဆင်မပြေစွာ လွင့်ထွက်သွား​တော့တယ်

ပရိသတ်က သံသယ၀င်သလိုခံစားလိုက်ရတယ်
'ဒီလူဆိုးက တစ်မိုး​အောက်နှစ်​ယောက်မရှိလို့ ​ကျော်ကြားတဲ့သူမဟုတ်ဖူးလား သူကဘာလို့ဒီလောက်လွယ်လွယ်ကူကူရှုံးလိုက်ရတာလဲ အရင်တစ်​ခေါက်တုန်းက​တော့ သူက ၀ူကျန်းနဲ့ တိုက်ခိုက်ပြီး ဒဏ်ရာရ​နေခဲ့လို့ ရှုံးသွားတယ်ဆိုတာကို ငါတို့နားလည်နိုင်ပါတယ် ဒါပေမယ့်ဒီတစ်ခါတော့ သူက ဖူယိယွင်ကို ရှုံးစရာ ဘာအ​ကြောင်းမှမရှိဘူး​လေ'

လူများစွာက ကျန့်ကျန်း ကိုချက်ချင်းဝန်းရံလိုက်ကြတယ် "နတ်ဆိုးဂိုဏ်းချုပ်ကျန့်၊ မင်းအခု ဘယ်လိုထွက်ပြေးမလဲကြည့်ရအောင် "

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Onde histórias criam vida. Descubra agora