Unicode
ရှီရှန်းက ချီတုံချတုံဖြစ်နေတယ် ဒါပေမယ့်သူမ ဖုန်းခေါင်တာကိုကိုင်လိုက်တယ်
"ကျောင်းသူ ချောင်ချူး"
အခြားတစ်ဖက်က လူက စိတ်တိုနေတဲ့လေသံနဲ့ပြောတယ်
ရှီရှန်းက ဒီအသံကို ချောင်ချူးရဲ့မှတ်ညဏ်တွေထဲမှာ အပြေးအလွှားသွားရှာတယ်
ဒါပေမယ့်မတွေ့ဘူး
"ရှင်က"
"ချင်ကော,မင်းရဲ့ သိပ္ပံဆရာ,"
'သိပ္ပံဆရာ, ??? သူကငါ့ကိုဘာလို့ခေါ်တာလဲ ငါ့ရဲ့အလှကိုများကြိုက်နေလို့လား'
ရှီရှန်းက ဖုန်းကို သူမနားနဲ့ခွာလိုက်ပြီးတော့ screenကိုစစ်ကြည့်တယ် ပြီးတော့မှ သူမနားနဲ့ပြန်ကပ်လိုက်တယ်
"အဲတော့?''
"မင်းဒီနေ့အတန်းကို မလာဘူး မင်းရဲ့ဆရာတစ်ယောက်အနေနဲ့ မင်းကိုငါသတိပေးမယ် မင်းအတန်းလစ်တာ သုံးကြိမ်ပြည့်ရင် မင်းရဲ့ကျောင်းစာရိတ်ကိုငါဖြတ်မယ်
ချင်ကောက ညှိနှိုင်းပြီးပြောနေတာမဟုတ်သလို အရမ်းကြီးလည်းလေသံမကျယ်ဘူး
''အိုး..."
'ရူးနေတာလားမသိဘူး'
ရှီရှန်းက ဖုန်းချပစ်လိုက်တယ်သူမ တက္ကသိုလ်တက်ခဲ့တဲ့အကြိမ်ပေါင်းလည်းမနည်းတော့ဘူး ဒါကြောင်သြူမ ဆက်မတက်ချင်ဘူး ကျောင်းစာရိတ်လည်း ရှီရှန်းက ဂရုစိုက်တာမဟုတ်ဘူး
သူမဖုန်းချပစ်တဲ့အချိန်မှာပဲ ချန်းရှီက သူမကိုဖုန်းခေါ်တယ်
ရှီရှန်းက ဘာမှမပြောရသေးခင်မှာ ချန်းရှီကစပြီးပေါက်ပေါက်ဖောက်တော့တယ်
"ချူးချူး ဘာလို့ဖုန်းမကိုင်တာလဲ ငါနင့်ကိုပြောစရာရှိတယ် အခုအသစ်ရောက်လာတဲ့ ဆရာကလေ အရမ်းမိုက်တယ် ဒါပေမယ့်စိတ်တော့မရှည်ဘူး သူကအပြစ်ပဲရှာနေတာ အတန်းမလာတဲ့သူတွေအားလုံးကို သူဖုန်းဆက်တယ်တဲ့ နင်သူဖုန်းဆက်တာ ခံရသေးလား ငါကြားတတာတော့ အတန်းသုကြိမ်ပျက်ရင် ကျောင်းစာရိတ်ဖြတ်ခံရမယ်တဲ့"
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....