Unicode
လေလံပွဲက 9နာရီအတိမှာ စမှာဖြစ်ပြီးတော့ အခုမှ ၈ခွဲပဲရှိသေးတာကြောင့်သူတို့တွေ စောင့်ရတယ်
လူတွေက ဟောခန်းထဲကိုတဖြည်းဖြည်းချင်းဝင်လာကြပြီ
နှစ်ယောက်လုံးက အသက်မပြည့်သေးတဲ့ ပုံပေါက်နေတာရယ် ပြီးတော့ ရှေ့ဆုံးခုံမှာထိုင်နေတာတွေကြောင့် နှစ်ယောက်လုံးက အများရဲ့အာရုံစိုက်မှုကို ခံနေရတယ်
"ညီမလေးရှောင်ရှ..ကိုယ်ကအရမ်းများခန့်ညားနေလို့လား..ဒါမှမဟုတ်တစ်ခုခုထူးခြားနေလို့လား"
ယွိကျိုက မဖြစ်နိုင်တဲ့မေးခွန်းတွေမေးဖို့ရှီရှန်းအနားကိုတိုးသွားတယ်ရှီရှန်းကတော့ အေးစက်စွာပဲပုန်ဖြေတယ်
"သူတို့က ရှင့်မှာပိုက်ဆံအလုံအလောက်မပါမှာစိုးနေတာ"ယွိကျို"....."
'ရှောင်ရှလေးက ထင်သလောက်လည်းချစ်ဖို့ကောင်းဘူး'လေလံပွဲက ၉နာရီဆိုစပြီ ရှီရှန်းက ဒါကိုနည်းနည်းလေးမှစိတ်မဝင်စားတာကြောင့် တစ်ချိန်လုံး မြေပြင်ပေါ်ကိုပဲစိုက်ကြည့်နေလိုက်တယ်
"ညီမလေးရှောင်ရှ ပိုက်ဆံတွေက မြေပြင်ပေါ်ကိုစိုက်ကြည့်နေရုံနဲ့ရလာမှာလား"
"ရှင့်ကိုတစ်ခုခုတောင်းဆိုလို့ရမလား"
ရှီရှန်းက သူ့ကိုကြည့်လိုက်တယ်သူမ မျက်လုံးတွေကအရောင်လက်နေပြီး ပဟေဠိဆန်တဲ့ရေကန်လို လှုပ်ရှားနေတယ် သေချာကြည့်မယ်ဆိုရင်တော့ တည်ငြိမ်မှုကို မြင်ရမယ်
ယွိကျိုက ခေါင်းညိတ်ပြတယ်
"ပြောသာပြောလိုက်စမ်းပါ""သောက်ပေါက်ပိတ်ထား!"
'နားကိုငြီးနေတာပဲ, ယောကျ်ားလေးဖြစ်ပြီးအဲ့လောက်လေပေါရလား, ဗီလိန်တွေက လေရှည်လို့မြန်မြန်သေကြရတာဆိုတာကိုရှင်သိလား'
ယွိကျို"???''
'သူမဘာပြောလိုက်တာလဲ?'ယွိကျိုကို ပါးစပ်ပိတ်အောင်လုပ်ပြီးတော့ သူမ စတိတ်စင်ပေါ်ကိုသာစိုက်ကြည့်နေလိုက်တယ်
စင်ပေါ်မှာတင်ထားတဲ့ ပစ္စည်းတစ်ခုက ကျောက်စိမ်းဆံထိုးဖြစ်တယ် ထုံစံအတိုင်းလေလံဆွဲတဲ့သူကအဲ့ပစ္စည်းကို တန်ဖိုးကြီးတယ်လို့ထင်ရအောင် သင့်လျော်တဲ့ပုံပြင်တစ်ခုနဲ့တွဲပြီး ရှင်းပြတယ်
အဲ့အခါမှာတော့ အရူးတွေက စတင်ပြီး စျေးခေါ်ကြပြီပေါ့
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....