Arc 11.20

3.6K 518 2
                                    

Unicode

မိုးတိတ်သွားပြီး မနက်ခင်းကောင်းကင်က နွေးထွေးတဲ့နေရောင်ခြည်တွေနဲ့ပြည့်နေကာ တိမ်သားတိမ်လိပ်တို့ ကင်းစင်လို့နေတယ် ရင်းယွဲ့က စောင့်ရတာ ကြာလွန်းလို့ သူမဆံပင်တွေ ရှည်လာပြီလို့တောင် ခံစားနေရတယ်

တောင်ခြေမှာစောင့်နေရာကနေ စိတ်မရှည်နိုင်တော့တဲ့ အဆုံးမှာတော့ တောင်ပေါ်တက်ပြီး သူမရဲ့သခင်မမှာ အိမ်တော်ကိုပြန်ဖို့ အစီအစဉ်ရှိမရှိသွားမေးဖို့ ဆုံးဖြတ်လိုက်တယ် သူမ တောင်ပေါ်ကို တက်ဖို့ခြေလှမ်းလိုက်တဲ့အချိန်မှာပဲ ရှီရှန်းနဲ့ လင်းယွဲ့တို့ လှေကားကနေ ရှေ့ဆင့်နောက်ဆင့်ဆင်းလာကြတာကိုတွေ့လိုက်ရတယ်

ရှီရှန်းက လင်းယွဲ့ကိုလှည်းပေါ်ဂရုတစိုက်တွဲတင်ပေးတဲ့အပြုအမူကြောင့် ရင်းယွဲ့က သူမမျက်လုံးတွေ ပြုတ်ထွက်ကျလာတော့မယ်လို့ ထင်လိုက်မိတယ်

'သောက်ချီး..သခင်လေးလင်းယွဲ့ကို တောင်ပေါ်မှာ ဘာများလုပ်လိုက်တာတုန်း..'

ရင်းယွဲ့က လင်းယွဲ့ဆေးခပ်ခံခဲ့ရတဲ့ညက ရှီရှန်းနဲ့အတူနေပြီးသွားပြီလို့ ထင်တာကြောင့် သူမတို့၂ယောက်တည်း တောင်ပေါ်မှာရက်အနည်းငယ်လောက်နေတာ ဘာမှမသင့်တော်ဘူးလို့မထင်ဘူး..

'သခင်မဘာတွေစဉ်းစားနေတယ်ဆိုတာ ခန့်မှန်းကြည့်ဖို့မဖြစ်နိုင်ဘူး...' ရင်းယွဲ့ကသူမရဲ့တောင်စဉ်ရေမရအတွေးတွေကို အပြတ်ဖြတ်လိုက်ပြီး မြင်းလှည်းကို အိမ်တော်ဘက်ဆီ ဦးတည်လိုက်တယ်

.........

သွမ့်ချင်းယွင်က အမတ်ချုပ်အိမ်တော်ရှေ့မှာ တစ်နေကုန်ရပ်စောင့်နေခဲ့တယ် ဘယ်လောက်စောင့်စောင့်တွေ့ချင်တဲ့လူပေါ်မလာတော့ သူလည်း စိတ်ဓာတ်ကျလာတယ် ဒါပေမယ့် သူလှည့်ပြန်တော့မယ်အလုပ်မှာ အိမ်တော်ကို လှည်းတစ်စီးဦးတည်လာတာကို တွေ့လိုက်ရတယ်

သွမ့်ချင်းယွင်က အမတ်ချုပ်အိမ်တော်တံဆိပ်ပါတဲ့ လှည်းကို မြင်တော့ ဝမ်းသာအားရဖြစ်သွားပြီး လှည်းရပ်တာနဲ့ ပြေးသွားဖို့ပြင်တယ် ဒါပေမယ့် သူ့အရှေ့က မြင်ကွင်းကြောင့် ခြေလှမ်းတွေ တန့်သွားလေရဲ့ ..

ရှီရှန်း ( ရှီရှန်း)  Book 3 Arc 11 to....Where stories live. Discover now