Unicode
ရှီရှန်းက သူမကို အားလုံးက လျစ်လျူရှုထားကြသလို ခံစားနေရသည်။
'ငါကမှနတ်ဆိုးဂိုဏ်းရဲ့ လက်ရှိဂိုဏ်းချုပ်ပါနော်? မင်းတို့အားလုံးက ဘာကိစ္စ ကျန့်ကျန်းကိုပဲ ပြောနေကြတာလဲ ဒီစောက်ပေါက ငါ့ဆီကနေ အဓိကနေရာကို ခိုးယူနေတာပဲ'
ရှီရှန်း က ကျန့်ကျန်းကို သူမနောက်ပို့လိုက်သည်။
"အရူးမ မင်းဘာလုပ်နေတာလဲ!" ကျန့်ကျန်းက ရှီရှန်းကို ဒေါသတကြီးပြောလိုက်သည်။
"မင်း စကားအရမ်းများတယ်" ရှီရှန်းက သူ့ကို အေးအေးဆေးဆေးပဲ ပြောလိုက်သည်။ "ရှေ့ကို ခြေတစ်လှမ်းထပ်လှမ်းတာနဲ့ မင့်ခွေးလေးကို ငါသတ်ပစ်မယ်"
မျှော်လင့်ထားသည့်အတိုင်း ကျန့်ကျန်း၏ ခန္ဓာကိုယ် ရပ်တန့်သွားပြီး လိမ်လိမ်မာမာလေး မတ်တပ်ရပ်နေတော့သည်။
သို့သော်လည်း ပါးစပ်ကနေ အဆက်မပြတ် ရန်တွေ့ခြင်းကိုတော့ မရပ်တန့်နိုင်ပေ။"မင်းက မိန်းကလေးပဲ ငါ့နောက်မှာနေစမ်းပါ"
"ဘာလဲ မင်းက လူသားဒိုင်းလုပ်ပေးချင်လို့လား "
ကျန့်ကျန်းက ဒေါသအလွန်ထွက်သွားပြီး မြေကြီးကို ခြေထောက်နဲ့ ဆောင့်ချင်လာသည်။
"ငါ့ကို အထင်မသေးစမ်းနဲ့! ငါက အခုလက်ရှိမှာပဲ မသန်မာသေးတာ!"ရှီရှန်း ပုခုံးတွန့်လိုက်သည်။
"ဒါပေမယ့် အခု တိုက်ခိုက်နေတာလေ"ကျန့်ကျန်းလည်း လုံး၀တိတ်ဆိတ်သွားပြီး အသာအယာချထားတဲ့ လက်များက လက်သီးဆုပ်များအဖြစ် ပြောင်းလဲသွားတော့သည်။
"ဂိုဏ်းချုပ် မဆင်မခြင်မနေနဲ့" ထင်ဖုန်းကသူ့ကို ခပ်တိုးတိုးသတိပေးသည်။
"သူမသာ ငါ့ရှေ့မှာရပ်နေပေးရမယ်ဆိုရင် ငါ့ကို ဘယ်လိုလုပ်ပြီးယောက်ျားလို့ခေါ်လို့ရမှာလဲ" ကျန့်ကျန်းက စိတ်လက်ပျက်ပြောလိုက်သည်။
"ဂိုဏ်းချုပ်…" ထင်ဖုန်းက သူ့ကို စိုးရိမ်စွာ ကြည့်နေ၏။
"မိန်းကလေး၀ူကျန်းက တော်တော်သန်မာတယ် အခု မင်းမှာ တခြားရွေးချယ်စရာမရှိဘူး... ဒါပေမယ့် နောက်ထပ်နှစ်ဝက်ပြီးတာနဲ့ မင်း သူ့ရှေ့မှာ ရပ်တည်နိုင်လိမ့်မယ်"
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....