Unicode
ယွိကျိုတစ်ယောက် ယွိရှင်းယွင်က ရိုက်တာခံရတယ်ဆိုတာကို ရှီရှန်းကြားတော့အတော်ပျော်သွားတယ်
'ငါ့ကို ချောက်တွန်းလို့ရမယ်လို့ နင့်ကိုဘယ်သူပြောလိုက်လဲ'ဒါပေမဲ့.....
'ဒီကောင်က ဘာလို့ငါ့ အခန်းရှေ့မှာ သူ့လက်ဆွဲအိတ်ကြီးနဲ့ရပ်နေတာလဲ'
"ညီမလေးရှောင်ရှ ကိုယ့်အကြောင်းတွေးနေတာလား"
ရှီရှန်းက မျက်နှာတည်ကြီးနဲ့ ယွိကျိုရဲ့ပြုံးဖြီးနေတဲ့မျက်နှာကြီးကို တံခါးနဲ့ဆောင့်ပိတ်လိုက်တယ်
'ရှင့်ကို ဘယ်လိုသတ်ရမလဲစဥ်းစားနေတာ'
ချလပ်~
ယွိကျိုက သော့နဲ့တံခါးကို ဖွင့်လိုက်တဲ့အချိန်မှာ သူ့ရဲ့မျက်နှာကို သူမတစ်ဖန်ပြန်တွေ့လိုက်ရတယ်
"ဦးလေးကုက အကို့ကို သော့ပေးထားတယ်"
သူ့လက်ထဲက သော့တွေကိုခါယမ်းပြပြီးရှင်းပြနေတယ်ရွှက်..
ဓားတစ်ချောင်းက အသိမပေးဘဲပေါ်လာတယ်
"ထွက်သွားမလား..ရှင့်ကို အပိုင်းပိုင်းဖြစ်အောင်ခုတ်ပေးရမလား...ကြိုက်တာရွေး"
သူမရဲ့လေသံက စိတ်ရှည်နေတဲ့ပုံမပေါ်ဘူးသူမရဲ့အထက်တန်းဆန်လွန်းလှတဲ့ပုံစံက ယွိကျိုကို မင်သက်သွားစေတယ် သူ့လက်တွေက လေထဲမှာရှိနေသေးပြီးတော့ သော့ချောင်းတွေကလည်းအချင်းချင်းရိုက်ခတ်ပြီးကလင်ကလင်မြည်နေတယ်
သူ့မျက်လုံးတွေကအရမ်းကိုတောက်ပလွန်းတာကြောင့် ရှီရှန်းကို ဝေဝါးစေတယ်
"ညီမလေးရှောင်ရှ, မင်းရဲ့ဓားကိုကြည့်ရတာ အတော်လေး စွမ်းမယ့်ပုံပဲ"
ရှီရှန်း "......"
'ဒီအရူး'သူမပြုံးလိုက်တယ်
''ဒီဓားကို ဘယ်လိုခေါ်လဲသိလား''"ဟမ်"
ယွိကျိုက ခေါင်းခါပြတယ် သူ့မျက်လုံးတွေကွေးညွတ်သွားတဲ့အခါမှာ ပါးချိုင့်လေးတွေပေါ်လာတယ်"ဘာတဲ့လဲ"
ရှီရှန်းကဓားကို ကျစ်ကျစ်ကိုင်ပြီးပြောတယ်
"အရူးနှိမ်နင်းခြင်း"
![](https://img.wattpad.com/cover/285098118-288-k515360.jpg)
YOU ARE READING
ရှီရှန်း ( ရှီရှန်း) Book 3 Arc 11 to....